Home>>Uncategorized>>ပညာရေးဝန်ကြီးဌာန အမိန့်ကြေညာစာအတု
Uncategorized

ပညာရေးဝန်ကြီးဌာန အမိန့်ကြေညာစာအတု

သူငယ်ချင်းတို့ရေ…

ပညာရေးဝန်ကြီးဌာန အမိန့်ကြေညာစာအတု တော်တော်လေးပြန်နှံ့နေတာကို တွေ့ရှိရပါတယ်။ ဒီအမိန့်ကြေညာစာအတုဟာ ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆရာ/ဆရာမများ လူမှုကွန်ရက် အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားနာရန် တိုက်တွန်းပြောကြားချက်ကို အခြေခံကောက်ယူပြီး လိုသလို ဖြည့်စွက်ရေးသားထားတဲ့ ကြေညာချက်အတုပဲဖြစ်ပါတယ်။

ဒီကြေညာချက်အတုနဲ့ ပတ်သက်ပြီး Myanmar Harp Media မှ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို ဆက်သွယ်မေးမြန်းချက်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

“စာအတုထဲမှာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၀)ဆိုတာပါတယ်။စဉ်းစားကြည့်ဗျာ။ခုမှ ၉ ရက်နေ့ပဲ ရှိသေးတယ်။ဒီ ၉ ရက်ထဲမှာ အစည်းအဝေးက ၃၂ခု ဘယ်လိုမှမဖြစ်နိုင်ဘူး။နောက်တစ်ခုက အခြေခံပညာဦးစီးဌာနကစာ။ဒီစာကို ဒုတိယအမြဲတမ်းအတွင်းဝန်က လက်မှတ်ထိုးထားတယ်။အမှန် ဒုတိယအမြဲတမ်းအတွင်းဝန်က လက်မှတ်မထိုးရဘူး။နောက် ရုံးတံဆိပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ပညာရေးဝန်ကြီးဌာန ဆိုတဲ့ တံဆိပ်။စာအမှန်ဆို ဒီစာမှာ ဒီရုံတံဆိပ်မရှိရဘူး။နောက် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဝင်း ဒီပုဂ္ဂိုလ်က ဒီရာထူးတာဝန်မယူတော့တာ ၁နှစ်ကျော်ပြီ။သူကအခု ပညာရေးဝန်ကြီးဌာန ဘာသာစကားနဲ့ သက်ဆိုင်တဲ့ ဦးစီးဌာနမှာ တာဝန်ယူနေတာ။လက်မှတ်ကတော့ ဦးကျော်ဝင်းလက်မှတ်နဲ့ ဆင်တူတယ်။ဘယ်လိုယူထားလဲ မသိဘူး။အားလုံးကို ခြုံငုံကြည့်လိုက်ရင် ဒါကအတု စနစ်တကျနဲ့ ရန်တိုက်ပေးတဲ့ စာအတု“ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
Crdit # Myanmar Harp Media

Untitled design (24)

New Watch မှ ဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြထားချက်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ “ဆရာ၊ ဆရာမများ လူမှုကွန်ရက်အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာအသုံးပြုကြရန် အခြေခံပညာညွှန်ချုပ်တိုက်တွန်း”

Untitled design (23)

သူငယ်ချင်းတို့လည်း…
ဒီလို သတင်းထုတ်ပြန်ချက်အတုတွေကို တွေ့ရှိရင် အလွယ်တကူမယုံကြည်ပဲ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့ ဒါမှမဟုတ် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရတယ်ဆိုတာကိုလည်း တိုက်တွန်းလိုက်ပါတယ်နော်။

%d bloggers like this: