Home>>သတင်းအတုစစ်ဆေးခြင်း>>လူမျိုးရေး>>ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း ပြောစကားနဲ့ပတ်သက်ပြီး ထောက်ခံကြောင်းထုတ်ပြန်သည့် ကြေညာချက်အတု
လူမျိုးရေး

ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း ပြောစကားနဲ့ပတ်သက်ပြီး ထောက်ခံကြောင်းထုတ်ပြန်သည့် ကြေညာချက်အတု

သူငယ်ချင်းတို့ရေ

ဒီနေ့ပြောပြချင်တာလေးကတော့ ကြေညာချက်အတုကိစ္စလေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ သတင်းတု သတင်းမှားတွေကို ဖန်တီးတဲ့နေရာမှာ အသုံးပြုလေ့ရှိတဲ့ ကြေညာချက်တုပြုလုပ်ပြီး သတင်းတု ဖန်တီးတဲ့နည်းကိုအသုံးပြုထားတာဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းမှာ အစိုးရနဲ့ပတ်သက်ပြီး ကြေညာချက်အတု တွေထွက်ပေါ်နေတာကို သူငယ်ချင်းတို့လဲ သတိထားမိမှာပဲလို့ တွေးပီးမှယုံက မျှော်လင့်မိပါတယ်။

ဒီတစ်ခေါက်ပြုလုပ်တဲ့ ကြေညာချက်အတုကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောစကားနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ကြေညာချက်အတုတစ်ခုပဲဖြစ်ပါတယ်။ ဦးဖြိုးမင်းသိန်းဟာ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၁၆ရက်နေ့က ကျင်းပခဲ့တဲ့ YRTA (၃) နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ရိုဟင်ဂျာ ဟု သုံးနှုံးခဲ့ခြင်းနဲ့ပတ်သက်ပြီး ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားထုတ်ကြေညာချက် အတုတစ်စောင်ကို ဇန်နဝါရီလ၂၁ ရက်နေ့ ရက်စွဲနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများကလည်း ကြေညာချက်အတုဖြစ်ကြောင်းကို လူမှုကွန်ယက်ပေါ် တွင်ပြန်လည်ဖြေရှင်းထားတာကိုတွေ့ရပါတယ်။

Untitled design (25)

သူငယ်ချင်းတို့အနေနဲ့  သတင်းတစ်ခုကိုတွေ့တဲ့အခါမှာ ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို တွေးပီးမှယုံကနေ ဖော်ပြပေးခဲ့ဖူးပါတယ်။ ယခုလိုကာလမှာ သတင်းတု၊ သတင်းမှားတွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သတင်းတု၊ သတင်းမှားတွေကြောင့် ဘာသာရေးပဋိပက္ခများ၊ ဒီမိုကရေစီကူးပြောင်းရေးကာလများတွင် ပြသနာများမဖြစ်ပေါ်အောင် သတင်းများကိုတွေ့တဲ့အခါ စစ်ဆေးပြီးမှ ယုံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကြေညာချက်အတုနဲ့ပတ်သက်ပြီး တခြားသူငယ်ချင်းများ သိရအောင်လဲ ပြန်လည်မျှဝေပေးဖို့တိုက်တွန်းလိုက် ပါတယ်။

%d bloggers like this: