Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူအယောက် ၄၀ ခန့် ဖားကန့် ဆိတ်မူရွာမှာ သေဆုံး ဆိုတဲ့ သတင်းမှား
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူအယောက် ၄၀ ခန့် ဖားကန့် ဆိတ်မူရွာမှာ သေဆုံး ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ…

အခုရက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် စိတ်ပူပန်သောကရောက်နေချိန် သတင်းမှားတွေ တော်တော်များများဖော်ပြနေကြတာ တွေ့ရပါတယ်။ အဲ့ဒီတည်းကမှ တွေ့ရှိရတဲ့ သတင်းမှားတစ်ပုဒ်အကြောင်း ကို တွေးပြီးမှယုံကနေ ဖော်ပြပေးလိုက်ပါတယ်။

အဲ့ဒီသတင်းကတော့ “ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူအယောက် ၄၀ ခန့် ဖားကန့် ဆိတ်မူရွာမှာ သေဆုံး” ဆိုတဲ့ သတင်းမှားပဲ ဖြစ်ပါတယ်။ ဒီသတင်းဟာ လူတွေစိုးရိပ်ပူပန် ကြောင့်ကြမှုကို အခွင့်ကောင်းယူပြီး ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

ခုနှစ် သတင်းဓာတ်ပုံ

(၁) သတင်းပါ ဓာတ်ပုံကို စစ်ဆေးကြည့်တဲ့အခါ ၂၀၁၈ ဇူလိုင်လ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါမှော်မှာ တနိုင်တပိုင်ကျောက်တူးဖော်နေတဲ့ ဒေသခံများ ကျောက်ကျောပြိုကျပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဓာတ်ပုံတွေကို တွေ့ရှိရပါတယ်။

download (10)

သူငယ်ချင်းတို့လည်း…
အခုလိုအချိန်မှာ သတင်းဓာတ်ပုံတွေနဲ့ သတင်းတွေ တွေ့တိုင်း အလွယ်တကူမယုံကြည်ပဲ တရားဝင်သတင်းဌာနတွေ၊ ကျန်းမာရေးဝန်ကြီးဌာနတွေက ထုတ်ပြန်ချက်တွေ သတင်းတွေကို လေ့လာစောင့်ကြည့်ပြီး ဆန်းစစ်ဖို့လိုအပ်ကြောင်း သတိပေးလိုက်ပါရစေနော်။

%d bloggers like this: