Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>“စစ်တွေမြို့ပေါ်ရှိ ဆက်သွယ်ရေးကုမ္ပဏီများအား AA အဖွဲ့မှ သတိပေးစာပို့” တယ်ဆိုတဲ့ ကြေညာချက်အတု
တိုင်းရင်းသားနိုင်ငံရေး

“စစ်တွေမြို့ပေါ်ရှိ ဆက်သွယ်ရေးကုမ္ပဏီများအား AA အဖွဲ့မှ သတိပေးစာပို့” တယ်ဆိုတဲ့ ကြေညာချက်အတု

သူငယ်ချင်းတို့ရေ…

သတင်းမှားဆိုတာ သတင်းအချက်အလက်တွေပေါ်ပဲ အခြေခံတတ်ကြပြီး လူတွေရဲ့ အမြင်တွေဝေဝါးအောင်ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုသတင်းမှားတွေထဲကမှ သတင်းထုတ်ပြန်ချက်အတုတွေ ကလဲ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

အခုလည်း တွေ့ရှိရတဲ့ သတင်းထုတ်ပြန်ချက်အတုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းကတော့ “စစ်တွေမြို့ပေါ်ရှိ ဆက်သွယ်ရေးကုမ္ပဏီများအား AA အဖွဲ့မှ သတိပေးစာပို့” တယ်ဆိုတဲ့ ကြေညာချက်အတုပဲ ဖြစ်ပါတယ်။

Untitled design (26)

(၁) AA က ဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေကို သတိပေးစာပို့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အတုပဲဖြစ်ပါတယ်။
(၂) ထုတ်ပြန်ချက်အတုပါ 12/2/2020 ရက်စွဲသည် AA မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဟုတ်မှန်မှုမရှိကြောင်း ငြင်းဆိုသည့် ထုတ်ပြန်ကြေညာချက်ကို ပြန်လည်ပြုပြင်အသုံးပြုထားခြင်းဖြစ်ပါတယ်
(၃) တရားဝင် သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာလည်းမရှိသလို၊ တရားဝင် ထုတ်ပြန်ထားခြင်းလည်း မရှိပါဘူး။

သူငယ်ချင်းတို့လည်း… သတင်းတုတွေ ကြေညာချက်အတုတွေကို တွေ့ရှိရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။

%d bloggers like this: