Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆက်တွဲသတင်းမှားများ
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆက်တွဲသတင်းမှားများ

သူငယ်ချင်းတို့ရေ…

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ၂၀၂၀ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ အမိန့်ကြေညာစာ ၁၉/၂၀၂၀ ကို ထုတ်ပြန်ခဲ့ပါတယ်။ ထိုထုတ်ပြန် ကြေညာချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ရောဂါ (သို့မဟုတ်) တိုင်းကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်ပြီး၊ ထုတ်ပြန်ချက်အမိန့်ကို မရုတ်သိမ်းသမျှကာလပတ်လုံး အတည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။

download (6)

ထိုပြန်ချက် ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ သတင်းဝက်ဆိုက်ဒ်တွေ၊ ဖေ့ဘွတ်စ် သတင်းပေ့ချ်တွေကနေ “ကိုရိုနာဗိုင်းစ်ကြောင့် လူ ၄ ဦး သေဆုံးသွားသော်လည်း တုန်လှုပ်မှုမရှိသေးတဲ့ မြန်မာနိုင်ငံ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းဓာတ်ပုံအမှားတွေကို အသုံးပြုပြီး သတင်းတွေတက်လာတာ တွေ့ရပါတယ်။

(1)

ဒီသတင်းအမှားတွေမှာ အသုံးပြုထားတဲ့ သတင်းဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ် H1N1 ရောဂါဖြစ်ပွားစဉ်ကာလ ဓာတ်ပုံတွေဖြစ်ကြောင်း နာရေးကူညီမှုအသင်း-ရန်ကုန်ကလည်း တုန့်ပြန်ပြောဆိုထားတာကို ဖော်ပြပေးလိုက်ပါတယ်။

.png

သတင်းမှားတွေကို ပြုလုပ်သူတွေ၊ ဖန်တီးတဲ့သူတွေဟာ အချိန်အခါလိုက် လူတွေစိတ်ဝင်စားနေတဲ့ အကြောင်းအရာပေါ်မှာ အခြေခံပြီး စိုးရိမ်မှု ပိုမိုမြင့်တက်အောင်လို့ ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ သူငယ်ချင်းတို့လည်း အခုချိန်မှာ အွန်လိုင်းပေါ်မှာ တွေ့ရှိရတဲ့ သတင်းတိုင်းကို မယုံကြည်ပဲ တရားဝင် အစိုးရ သတင်းစာမျက်နှာတွေ၊ တရားဝင်သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်ကို တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

%d bloggers like this: