Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>“AA နဲ့ ARSA  ဆိုတဲ့ ပူးပေါင်းစခန်းမှ သိမ်းဆီးရမိထားသော ပစ္စည်းများ” ဆိုတဲ့ သတင်းတု
တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

“AA နဲ့ ARSA  ဆိုတဲ့ ပူးပေါင်းစခန်းမှ သိမ်းဆီးရမိထားသော ပစ္စည်းများ” ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ……

အခုတွေ့နေတဲ့ သတင်းတု တစ်ခုကတော့ “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှARSA အကြမ်းဖက်သောင်းကျန်းသူတွေကို ထောက်ပံ့တာ” “AA နဲ့ ARSA  ဆိုတဲ့ ပူးပေါင်းစခန်းမှ သိမ်းဆီးရမိထားသော ပစ္စည်းများ” ဆိုတဲ့ သတင်းတု ပဲဖြစ်ပါတယ်။

ဒီသတင်းတုကို တင်ထားတဲ့ Facebook Account ဟာ ဆိုရင် Radio Free Myanmar ဆိုတဲ့ သတင်းဌာနက တင်ထားတယ်ဆိုပြီး ပြောထားပါတယ်။ တကယ်တမ်း ဒီသတင်းဌာနက တကယ်မရှိပဲ RFA ကိုပုံတူပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က Burma Campaign UK မှာ တင်ထားတဲ့ Burma Musilm Association ကပြုလုပ်ထားတဲ့ စာတမ်းတစ်ခုမှာ ၂၀၁၂ ခုနှစ် ဩဂုတ်လက  ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် တူရကီ အစိုးရကထောက်ပံ့ထားတဲ့ ထောက်ပံ့ရေးပစ္စည်း ပုံတွေကို အသုံးပြုထားပါတယ်။

အခုလက်ရှိ ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုတွေအပြင် ရက္ခိုင့်တပ်တော်(AA) နဲ့ တပ်မတော်ရဲ့ တိုက်ပွဲသတင်းတွေဟာ အရှိန်မြင့်နေပါတယ်။ ဒီလိုအခြေအနေကို အသုံးချပြီးတော့ AA နဲ့ ARSA ကို တစ်ဖွဲ့ထဲအဖြစ်ပုံဖော်ရေးသားထားပြီး စာဖတ်သူတွေကို သတင်းတုနဲ့အတူ အထင်အမြင်လွဲအောင် ပြုလုပ်ထားပါတယ်။

တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့ရေ သတင်းတစ်ပုဒ်ဖတ်တဲ့အခါ သတင်းတုဟုတ်မဟုတ် သတိထားပြီး ကြည့်တဲ့ချိန်မှာ မြေပြင်က အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကိုလည်း ထည့်သွင်းစဉ်းစားကြဖို့ မမေ့ပါနဲ့နော်။

%d bloggers like this: