Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုရိုနာ ကူးစက်ခံ တီးတိန် အမျိုးသား ယနေ့သေဆုံးပြီ ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ကိုရိုနာ ကူးစက်ခံ တီးတိန် အမျိုးသား ယနေ့သေဆုံးပြီ ဆိုတဲ့ သတင်းတု

ကမ္ဘာတဝှမ်းလုံးမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဆိုရင် မနေ့ည (၂၄၃.၂၀၂၀) ရက်နေ့မှာ မြန်မာနိုင်ငံမှာ ကူးစက်သူ ၂ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက် ထွက်လာပြီးချင်းမှာပဲ ပြည်သူအများ စိုးရိမ်နေကြပြီး ကြိုတင်ပြင်ဆင်မှုတွေလဲ တိုးလုပ်နေကြတယ်လို့ သိရပါတယ်။

အခုထွက်လာတဲ့သတင်းတခုကတော့ “ကိုရိုနာ ကူးစက်ခံ တီးတိန် အမျိုးသားယနေ့ သေဆုံးပြီ” ဆိုပြီး ဘာအထောက်အထားမှ မရှိပဲ တင်နေကြပါတယ်။ ကနဦးစပြီးတင်တဲ့သူကတော့ သူ့ပိုစ့်ကို ဖျက်သွားပေမယ့် ယခုလက်ရှိမှာ ထပ်တင်နေတဲ့ သူတွေလဲ ရှိနေပါတယ်။

“တီးတိန် က COVID 19 ခံစားနေရသောလူနာ သေဆုံးမှုမရှိပါ” ဆိုပြီး အင်တာဗျူး အသံဖိုင်တစ်ခုလဲ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။

အမှန်တကယ် သေဆုံးတာ ဟုတ်မဟုတ်ကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ချက်တွေကို သတိထားပြီး စောင့်ဖတ်ဖို့ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ သတိထားစေချင်ပါတယ်။

သတင်းအတုအဖြစ် ယူဆမိတယ် သတင်းတုကို တွေ့ရှိတယ် ဆိုရင်တော့ တွေးပြီးမှယုံရဲ့  Message box မှာ လာရောက် ပေးပို့ပြီး စစ်ခိုင်းလို့ရပါတယ်။ အရေးပေါ်အခြေအနေတွေမှာ တွေးပြီးယုံက အချိန်နဲ့ တပြေးညီ ရှိနေပါမယ်။

အသံဖိုင်လင့် 

 

%d bloggers like this: