Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>အခုပဲ ပဲခူးကစက်ရုံမှာ Covid-19 ကူးစက်ခံထားရသူတဦး လဲကျသွားတယ် ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

အခုပဲ ပဲခူးကစက်ရုံမှာ Covid-19 ကူးစက်ခံထားရသူတဦး လဲကျသွားတယ် ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ
အားလုံးနေကောင်းကျန်းမာကြမယ်လို့မျှော်လင့်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID 19 ရောဂါဟာ မြန်မာနိုင်ငံသားနှစ်ဦးကို ကူးစက်နေပြီဟု ကြေညာပြီးတဲ့နောက်ပိုင်းမှာ သူငယ်ချင်းတို့လဲ စိုးရိမ်တကြီးဖြစ်နေကြမှာပါ။

အခုလို လူတိုင်းစိုးရိမ်တကြီးဖြစ်နေတဲ့ချိန်မှာ သတင်းတု၊ သတင်းမှားတွေဟာ အချိန်နှင့်တပြေးညီထွက်ပေါ်နေပါတယ်။

ဒီတစ်ခါ ထွက်ပေါ်နေတဲ့သတင်းမှားလေးကတော့ ပဲခူးမြို့စက်မှုဇုန်ထဲက လိမ္မော်ရောင်စက်ရုံမှာ ၂၀၁၇ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က စက်ရုံဝန်ထမ်းတွေကို သရဲဝင်ပူးတယ်ဆိုပြီး ဖြစ်ပွားခဲ့တယ့် ဖြစ်စဉ်မှ ပုံတွေကိုယူသုံးထားတာပဲဖြစ်ပါတယ်။

တကယ်တော့ ပဲခူးမြို့မှာ COVID 19 ရောဂါကူးစက်မှုရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

သူငယ်ချင်းတို့အနေနဲ့ COVID 19 နဲ့ပတ်သက်ပြီး သတင်းတွေတွေ့တဲ့အခါ စိုးရိမ်စိတ်ကြီးပြီး လွယ်လွယ်မယုံကြဖို့ တွေးပီးမှယုံ ကနေတိုက်တွန်းလိုက်ပါတယ်။

 

%d bloggers like this: