Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ပြည်မြို့မှ သံသယလူနာ (၅) ဦး ထွက်ပြေးတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ပြည်မြို့မှ သံသယလူနာ (၅) ဦး ထွက်ပြေးတယ်ဆိုတဲ့ သတင်းတု

ဒီမနက်မှာပဲ ပြည်ဆေးရုံကြီးက အကူသူနာပြု တစ်ယောက် လို့ ပြောတဲ့ Facebook အကောင့်တု တကောင့်က ပြည်မြို့နဲ့ သက်ဆိုင်တဲ့ Pyay City Mobile Phone Crazy Group မှာ သံသယလူနာ ၅ ဦး ထွက်ပြေးတယ်ဆိုတဲ့ သတင်းတု လိုက်ဖြန့်နေတာကို တွေ့ရပါတယ်။

ထို အကောင့်တုရဲ့ ပြောဆိုပုံအရ မနေ့ည (၂၉.၃.၂၀၂၀) ည ၁၁ နာရီ မှာ ပြည်တော်ပြန်လာတဲ့ သူတွေထဲက COVID 19 ရောဂါလက္ခဏာ အပြည့်ရှိတဲ့သူက ဆေးရုံကြီးကို မလိုက်ပဲ ထွက်ပြေးလွတ်မြောက်သွားပါတယ်လို့ ရေးသားထားပါတယ်။

သူမရဲ့ ပြောကြားချက်များအရ —

၁။ ည(၁၁) နာရီ အချိန်မှာ မိန်းကလေး တစ်ယောက်နဲ့ ယောက်ျားလေး သုံးယောက်ကို လွှတ်မှာ မဟုတ်တာက တကြောင်း

၂။ စိုးရိမ်ရတဲ့ ရောဂါကို သွားရောက်စစ်ဆေးခြင်းမှာ လူ ၄ ဦးတည်းသွားခြင်းက မဖြစ်နိုင်တာက တကြောင်း

၃။ ပြည်နဲ့ ပန်းတောင်းက အရမ်းမနီးပဲ နေမကောင်းတဲ့သူတွေက ပန်းတောင်းထိရောက်ပြီးမှ ပြည်ထိပြန်လာပြီဂ တည်းခိုခန်းလာရှာအိပ်တယ်ဆိုတာက မဖြစ်နိုင်ကြောင်း

၄။ အစကတော့ ရန်ကုန်က ပြန်လာတယ်ပြောပြီး နောက်ပိုင်းမှာ ရွာကပြန်လာတယ်လို့ ရှေ့နောက်မညီပဲ ရေးသားထားတာက တကြောင်း

၅။ ရွာကလက်မခံလို့ ပြန်ပြေးလာရတဲ့ ထို ၅ဦးကို လာကြိုတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်လို့ မဖြစ်နိုင်တာတွေကို ထည့်ရေးထားက တကြောင်း

၆။ ထိုသတင်းတင်တဲ့ အကောင့်က အကောင့်တု ဖြစ်နေပြီး မတ်လ ၄ ရက်နေ့ကမှ ဖွင့်ထားတက တကြောင်း

စတဲ့ အကြောင်းရင်းများကို ထောက်ပြပြီး ပြည်မြို့ခံ ဝေဖန်သူတွေက ပြန်လည်ရှင်းပြထားတာကိုလည်း တွေ့ရှိရပါတယ်။

စိုးရိမ်စရာကောင်းတဲ့အချက်က အဆိုပါ သတင်းတုကို တွေ့လိုက်တဲ့အချိန်က ပိုစ့်တင်ပြီး ၄ နာရီအကြာပဲ ရှိပါသေးတယ်။ ဒီလိုအချိန်တိုအတွင်းမှာတင် Like 2.1 K နဲ့ Share 1.8 K ရနေပါပြီ။ ကပ်ရောဂါကြောင့် စိုးရိမ်နေရတဲ့ ပြည်သူတွေအတွက် အနာပေါ် တုတ်ဆင့်ပေးလိုက်သလိုပါပဲ။

ဒါကြောင့် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ အနေနဲ့ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်ပြီးတော့ အချိန်နဲ့အမျှထွက်ပေါ်နေတဲ့ သတင်းတုတွေကို မယုံကြည် မမျှဝေကြဖို့ သတိပေးလိုက်ပါတယ်နော်။

%d bloggers like this: