Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>တောင်ကြီးမှာ COVID-19 Positive လူနာ တွေ့ရှိရတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

တောင်ကြီးမှာ COVID-19 Positive လူနာ တွေ့ရှိရတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..

ကမ္ဘာ့ကပ်ရောဂါ နဲ့ တကမ္ဘာလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မှာ သတင်းတု/မှား တွေကတော့ အချိန်မှန်နဲ့ အရင်ကထက်ပိုပြီး ပေါ်ထွက်လာနေပါတယ်။

အခုတွေ့ရှိရတဲ့ သတင်းတု တစ်ခုကတော့ “တောင်ကြီး စဝ်စံထွန်းဆေးရုံမှာတော့ ထီပေါက်ပါပြီ။” ဆိုပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ Positive လူနာကို ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ စတွေ့ရပါပြီ။ လို့ရေးသားထားပါတယ်။ ဒီသတင်းတုဟာ ဆိုရင် နာရီပိုင်းအတွင်းမှာ Like ပြုလုပ်သူ ၄၉၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၃၈၈ ရှိနေပါပြီ။

ဒီသတင်းတုကို တင်ထားတဲ့ အချိန်ဟာဆိုရင် ည ၆ နာရီ ၅၈ မိနစ်မှာ တင်ထားတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်ကတော့ ည ၈ နာရီမှာ ထုတ်ပြန်တာဖြစ်ပါတယ်။ အစိုးရ ထုတ်ပြန်ချက်ထက် ၁ နာရီ စောတင်ထားပြီး တရားဝန်ထုတ်ပြန်ချက်မှာ ဒီကနေ့ ထပ်တိုးလူနာ နံပါတ် ၁၅ က တောင်ကြီးကမဟုတ်ပဲ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိတဲ့ လူနာပဲ ဖြစ်ပါတယ်။

သတင်းတုတင်ထားတဲ့ Post အောက်မှာ မေးထားတဲ့ Comment ကို ပြန်ဖြေထားပုံက “KBZ Bank and AYA Bank က ညီလေးတွေ ရုံးဆင်းနောက်ကြရတဲ့ အကြောင်းလာပြောတော့ Positive လူနာတောင်ကြီးမှာတွေ့လို့တဲ့ဗျ။ သူတို့ပြောတာက လူနာက တပ်ထဲကလို့ပြောတယ်ဗျ။ ဘယ်တပ်ရယ်တော့ သူတို့လည်း မသိသေးဘူးတဲ့ဗျ။” လို့ ပြန်ဖြေထားတာကို တွေ့ရပါတယ်။ သေချာတိကျတဲ့ သတင်းဌာနနဲ့ တရားဝန် ထုတ်ပြန်ချက်တွေ မဟုတ်ပဲ အပြောစကားတွေနဲ့ ရေးထားတာကို တွေ့ရပါတယ်။

တောင်ကြီးမှာ သံသယ စောင့်ကြည့်လူတွေ အများကြီး ရှိပါတယ်။ သံသယ လူနာတွေရဲ့ နှာခေါင်း တို့ဖတ် နမူနာကို အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း ပေးပို့ထားပါတယ်။ ပြည်နယ် ကုသရေး နှင့် ကျန်းမာရေး ဌာန ကနေသိချင်ရင် နေ့စဉ်တိုင်း ထုတ်ပြန်ပေးသလို၊ လူမှုရေး ဝန်ကြီးကိုလည်း မေးမြန်းလို့ ရပါတယ်။ အစိုးရ အတည်မပြုမချင်း လူနာ လို့ သတ်မှတ်လို့ မရပါဘူး။
အဲဒီ ဖွနေတဲ့ သတင်းကလည်း သံသယ စောင့်ကြည့် လူနာတွေ ထဲက တစ်ယောက်ဖြစ်ပါလိမ့်မယ်။

အထက်ဖော်ပြပါ ပုံကတော့ ရှမ်းပြည်နယ်ရှိ စောင့်ကြည့်လူနာများနှင့် ပတ်သက်တဲ့ မနေ့က ၃၀.၄.၂၀၂၀ အထိ အခြေအနေပါ။

ဒါကြောင့် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့ အနေနဲ့ သတင်းတွေကို ဖတ်တဲ့အချိန်မှာ ယုံကြည်လွယ်ပြီး ထိတ်လန့်မနေကြပဲနဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေနဲ့ တရားဝန်ထုတ်ပြန်ချက်တွေကိုသာလျှင် ယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ သတင်းတု စစ်ဆေးဖို့ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: