Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုစရိုက်မှုများ လျော့ပါးစေရန် လှည့်လည်စောင့်ကြည့်ခြင်းအပေါ် သတင်းတုများ ဖြန့်ခြင်း
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုစရိုက်မှုများ လျော့ပါးစေရန် လှည့်လည်စောင့်ကြည့်ခြင်းအပေါ် သတင်းတုများ ဖြန့်ခြင်း

သူငယ်ချင်းတို့ရေ…….

ဒီကနေ့မှာ Theik Hein ဆိုတဲ့ အကောင့်တစ်ခုက “ရန်ကုန်တော့ စနေပြီ အကြောင်းပြချက်မရှိပဲ အပြင်မသွားရတဲ့ ဈေးဝယ်၊ ဆေးဝယ်၊ အရေးပေါ်မှလွဲပြီး” လို့ရေးသားထားတဲ့ သတင်းတစ်ခုကို တွေ့ရှိရပါတယ်။ ဒီသတင်းက အချိန် ၅ နာရီအတွင်းမှာပဲ Share 4.1K ဖြစ်သွားပါပြီ။

အမှန်တကယ် Yangon Police Facebook Page မှ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အများပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပွားစေရေးတို့အတွက် ကင်းလှည့်စစ်ဆေးဆောင်ရွက်” ဆိုတဲ့ သတင်းဓါတ်ပုံ ကို အသုံးပြုထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကြောင်းမရှိပဲ အပြင်မထွက်ရန် ကြေငြာထားတယ်ဆိုပေမယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကတော့ မြို့ထဲမှာ ဒုစရိုက်မှုခင်းများမဖြစ်ပွားစေရေးအတွက် ကင်လှည့်နေတာပဲ ဖြစ်ပါတယ်။

သတင်းဓါတ်ပုံနဲ့ မသက်ဆိုင်တဲ့ တခြားအကြောင်းနဲ့ တွဲဖက်ပြီးတော့ သတင်းနှစ်ခုကို ရောထွေးပြီး ရေးသားထားတာက စာဖတ်သူတွေကို ထိတ်လန့်စေနိုင်ပါတယ်။

သတင်းတုကိုတင်ထားတဲ့ အကြောင်းအရာမှာ အပြင်ထွက်ရင် ဖမ်းပါမယ်လို့တော့ ရေးသားမထားပေမယ့် ရဲတပ်ဖွဲ့များ ကင်းလှည့်နေသည်မှာ ထိုတားမြစ်မိန့် ထုတ်ပြန်ထားတဲ့ ကာလအတွင်း အပြင်ထွက်တဲ့သူတွေကို လိုက် ထိန်းသိမ်းနေသယောင် ထင်ယောင်ထင်မှားဖြစ်အောင်ရေးသားထားကိုတွေ့ရပါတယ်။

တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ COVID ကာလမှာ သတင်းတုတွေကို သေချာ စိစစ်ပြီး ဖတ်ကြဖို့နဲ့ သက်ဆိုင်ရာက ညွှန်ကြားချက်တွေကိုလဲလိုက်နာစေလိုပါတယ်။ သတင်းတု စစ်ဆေးဖို့ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: