သူငယ်ချင်းတို့ရေ…….
“Case 37 လူနာအဆိုတော်မျိုးကြီးကူးစက်ခံရဆိုပြီ” ဆိုတဲ့ သတင်းတုဟာ Group တွေ နဲ့ Page တွေ တော်တော်များများမှာ ပြန့်နှံ့နေတာကို တွေ့ရှိရပါတယ်။ ဒီသတင်းဟာ M Celemyanmar ဆိုတဲ့ website တစ်ခုက တင်ထားတာဖြစ်ပြီးတော့ “ရောဂါပိုးကူးစက်ခံရမှုဟာ ဆုတောင်းဝတ်ပြုရာကနေ ကူးစက်လာတာဖြစ်တယ်လို့ရေးသားထားပြီး ကူးစက်ခံရသူဟာ အဆိုတော် မျိုးကြီး ဖြစ်တယ်ဆိုပြီး”ရေးသားထားတာကိုတွေ့ရပါတယ်။
ဒီသတင်းက Website ကတင်တာဖြစ်ပြီး ဒီသတင်းလင့်ကို အသုံးပြုပြီးတော့ Facebook မှာ ပုံစံအမျိုးမျိုးရေးသားပြီး ပြန်လည်ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။
ဒီသတင်းတုနဲ့ ပတ်သက်ပြီး အဆိုတော်မျိုးကြီးရဲ့ ဇနီးအသုံးပြုတဲ့ Lone Lone Lwin ဆိုတဲ့ အကောင့်ကလဲ Case 37 ကအဆိုတော်မျိုးကြီးမဟုတ်ကြောင်းပြန်လည်ရှင်းလင်းထားပါတယ်။ ယခုလို COVID-19 နဲ့ ပတ်သက်ပြီး သတင်းတုတွေ လုပ်ကြံဖန်တီးပြီး သတင်းရေးသားမှုတွေကို ဒီရက်ပိုင်းအတွင်းမှာပဲ အများအပြားတွေ့ရှိရပါတယ်။
သူငယ်ချင်းတို့လည်း သတင်းတွေဖတ်ရှုတဲ့အခါ သတင်းအရင်းအမြစ် (Source) နဲ့ သတင်းတင်ထားတဲ့ Page, Website နှင့် Media တွေက ဘယ်လောက်ထိယုံကြည်ရတယ်ဆိုတာ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတဲ့အချိန်မှာ တွေးပြီးမှ ယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းတုတွေကို ယုံကြည်ပြီး ပြန်မဖြန့်ဝေဖို့လဲလိုအပ်ပါတယ်။ သတင်းတစ်ခုကို သံသယရှိလာပြီး စုံစမ်းမေးမြန်းမယ် ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
Edit: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာရဲ့ ၁၃.၄.၂၀ ရက်နေ့ အတည်ပြုလူနာ ထုတ်ပြန်ချက်မှာ အဆိုတော်မျိုးကြီး ပါဝင် ကြောင်း 7 day က ယခုလို တင်ပြထားပါတယ်။