Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>COVID-19 တိုက်ပွဲမှာ အီကွေဒေါ အရှုံးပေးလိုက်ရပြီ ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံတကာ

COVID-19 တိုက်ပွဲမှာ အီကွေဒေါ အရှုံးပေးလိုက်ရပြီ ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ

ဒီတခါမှားယွင်းပြီး ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုကတော့ “Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …” ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတု ပဲဖြစ်ပါတယ်။ ဒီသတင်းဟာဆိုရင် မြခွာညို ဆိုတဲ့ Facebook account ကတင်ထားတာ ဖြစ်ပြီးတော့ Like 3.7 K နဲ့ share 4.7K ထိအောင်ပြန့်နှံ့ နေပြီဖြစ်ပါတယ်။

အီကွေဒေါ နိုင်ငံက ဂွါယာကေးမြို့မှာ ရောဂါကူးစက်နှုန်းမြန်နေတာကြောင့် ကျန်းမာရေးစနစ် ပြိုလဲကျခဲ့တယ်လို့ DVB သတင်းဌာနမှာ ယခုလို ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကြောင့် နိုင်ငံတွင်း ဆေးရုံတွေ၊ ရင်ခွဲရုံတွေ၊ ဈာပန ဝန်ဆောင်မှုတွေနဲ့ သင်္ချိုင်းတွေ ဝန်ပိကုန်ပြီး Mortuary Syatem fail down ဖြစ်တာပါ။ ရေခဲတိုက်နဲ့ သင်္ဂြိုလ်တဲ့ အလုပ်တွေ မလုပ်နိုင်တော့တဲ့သဘောပါ။ အီကွေဒေါ နိုင်ငံကြီး fail down ဖြစ်တာ မဟုတ်ပါဘူး။
ဒါကို နားလည်မှုလွဲမှားပြီး စိုးရိမ်တဲ့စိတ်နဲ့ သတင်းဖတ်ရှုတဲ့အခါမှာ ကြောက်ကြောက်လန့်လန့်နဲ့ အယုံမလွယ်လိုက်ကြဖို့ လိုအပ်ပါတယ်။
လူဦးရေ 17 သန်းရှိတဲ့ အီကွေဒေါမှာ COVID-19 ပိုးတွေ့ရှိလူနာ 7257, ကုသပျောက်ကင်းသူ 411 နဲ့ သေဆုံးသူ 315 ဦး ရှိနေပါပြီ။
COVID-19 ဖြစ်နေတဲ့ ဒီကာလမှာ အကြောက်မလွန်ကြဖို့နဲ့ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့အတိုင်း နေထိုင်ကြဖို့အရေးကြီးပါတယ်။
လက်ပုံမှန်ဆေးပါ။
တတ်နိုင်သလောက်အိမ်မှာနေပါ။
မလွဲသာလို့အိမ်ပြင်ထွက်ရမယ်ဆိုရင် အကာအကွယ်အပြည့်နဲ့ထွက်ကြပါ။
သတင်းတုတွေ သတင်းမှားတွေ ကိုမယုံကြည်ပြန်လည် မဖြန့်ဝေကြပဲနဲ့
သတင်းတုလို့ သံသယရှိလာရင် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: