Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>တရုတ်ပြန်များ ကွာရက်တိုင်း အဝင်မခံဘဲ တောင်ကြီးမြို့ကို ခိုးဝင်တယ် ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်တိုင်းရင်းသား

တရုတ်ပြန်များ ကွာရက်တိုင်း အဝင်မခံဘဲ တောင်ကြီးမြို့ကို ခိုးဝင်တယ် ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..

COVID-19 ကပ်ရောဂါ ကာလမှာ သတင်းတုတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။ အခုတခေါက် တွေ့ရှိရတဲ့ သတင်းတု တစ်ခုကတော့
“တောင်နီ ကျောက်တစ်လုံး ဆီဆိုင်ဘက်မှထိုင်း တရုတ်ပြန် ပအိုဝ်းအများစုမှာ ကွာရက်တိုင်း အဝင်မခံဘဲ တောင်ကြီးမြို့သို့ ခိုးဝင်” ဆိုတဲ့ သတင်းတု ပဲဖြစ်ပါတယ်။
ဒီသတင်းတုကို COVID 19 Myanmar Update ဆိုတဲ့ Facebook Group မှာ Covid Myanmar ဆိုတဲ့ အကောင့်က တင်ထားတာဖြစ်ပါတယ်။ သတင်းတုကို ပြန်လည်မျှဝေမှု ၃၄၉ ခုရှိနေပါပြီ။

ဘာကြောင့် သတင်းတုလို့ ပြောရသလဲဆိုရင် သတင်းမှာပါတဲ့ ဓါတ်ပုံတွေဟာ ဆိုရင် ၂၀၁၈ ဒီဇင်ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ “ပုဂံ မှ နေပြည်တော်သို့ ချီတက်သည့် အလုပ်သမား သပိတ်စစ်ကြောင်း ရဲအင်အားဖြင့် အကြမ်းဖက်ဖမ်းဆီးခံရ” ဆိုတဲ့ The Fifth Wave News ကတင်ထားတဲ့ သတင်းဓါတ်ပုံတွေကို ယူသုံးထားတာဖြစ်ပါတယ်။

COVID 19 ကြောင့် အများပြည်သူ စိတ်ပူစိုးရိမ်နေကြတဲ့ အချိန်မှာ လူမျိုးရေးကို ရှေ့တန်းတင်ရေးသားထားတဲ့ သတင်းတုတွေဟာ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ အမုန်းပွားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းတုကို ပြန်လည်မျှဝေတဲ့ ထဲမှာ ကိုယ်မပါဝင်မိစေဖို့နဲ့ လူမျိုးရေး ဘာသာရေး အမုန်းပွားတဲ့သူ မဖြစ်စေဖို့ သတင်းတွေကို သတိထားပြီး ဖတ်စေလိုပါတယ်။ သတင်းတုလို့ သံသယ ရှိတာနဲ့ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: