Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>COVID-19 ကူးစက်ခံထားရတဲ့ ၁နှစ် နှင့် ၆လသားအရွယ် ကလေးငယ် သေဆုံးပြီဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

COVID-19 ကူးစက်ခံထားရတဲ့ ၁နှစ် နှင့် ၆လသားအရွယ် ကလေးငယ် သေဆုံးပြီဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..

COVID-19 ကူးစက်ရောဂါနဲ့ ပတ်သတ်လို့ သတင်းတုများကတော့ အမျိုးမျိုးထွက်ပေါ်လျက်ရှိပါတယ်နော်။ ယခုဆိုရင်လည်း 9Han News ဆိုတဲ့ website တစ်ခုမှာ COVID-19 ကူးဆက်ခံထားရတဲ့ ၁နှစ်နဲ့ ၆လသား ကလေးငယ် သေဆုံးကြောင်း သတင်းတု တစ်ခုကို ဖြန့်ဝေထားပါတယ်။

အဆိုပါ သတင်းတုနဲ့ ပတ်သတ်လို့ DVB သတင်းဋ္ဌာနရဲ့ သတင်းထုတ်လွှင့်ချက်မှာ COVID-19 ကူးစက်ခံထားရတဲ့ ကလေးတွေကို ကုသပေးနေတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာခင်ခင်ထားနှင့် ဆက်သွယ်မေးမြန်းထားရာမှာတော့ ကလေးငယ်မှာ ပြန်လာသက်သာလာနေပြီ ဖြစ်ကြောင်း ဖြေဆိုထားပါတယ်။

အသက်ကြီးတဲ့သူ​တွေနဲ့ ကလေးငယ်​တွေကို ကူးစက်ခံရရင် ပိုမိုထိခိုက်နိုင်တဲ့အကြောင်း သတိပေးမှုတွေလည်း ရှိထားတဲ့ အတွက် အများပြည်သူများအကြား စိုးရိမ်ထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ အခုလို သတင်းတုတွေကို Think Before You Trust (တွေးပြီးမှယုံ) ရဲ့ သူငယ်ချင်းတွေ အနေနဲ့ လွယ်လင့်တကူ မျှဝေတာမျိုးမလုပ်သင့်သလို ဝေခွဲရခက်ခဲနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လဲ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: