Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို တာဝန်မှ ရပ်စဲလိုက်သည်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို တာဝန်မှ ရပ်စဲလိုက်သည်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ……

COVID-19 ကာလ မှာ လူတွေစိတ်ရှုပ်ထွေးနေချိန်မှာပဲ သတင်းတုတွေကတော့ အဆက်မပြတ်ထွက်ပေါ်နေပါတယ်နော်။ ယခုဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တာဝန်မှ ရပ်စဲ လိုက်တယ်ဆိုတဲ့ သတင်းတုကို Yae Chan နာမည်နဲ့ Facebook Account ကနေ တင်ထားပါတယ်။ မူရင်းတင်ထားသူက ပြန်ဖျက်သွားပေမဲ့ မူရင်းတင်ထားသူရဲ့ Screen shot နဲ့ သတင်းတွေကတော့ ခုချိန်ထိ ဆက်လက်ပြန်နှံ့နေဆဲ ဖြစ်ပါတယ်။

အဆိုပါ သတင်းမှာ သတင်းတုဖြစ်ကြောင်း လူ့ငယ်အသံ လူငယ့်ဟန် ဆိုတဲ့ Facebook page တစ်ခုမှ ပြန်လည်ရှင်းပြထားသလို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ရဲ့ Facebook Account မှာလည်း ပြန်လည်မျှဝေထားတာကို  ယခုလို တွေ့ရှိခဲ့ရပါတယ်။ ပြန်လည်ဖြေရှင်းထားသော သတင်းများကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်နော်။

အခုလို ကပ်ရောဂါများကြောင့် ပြည်သူအများ စိတ်ဖိစီးမှုများ ခံစားနေရချိန်မှာ ယခုလိုသတင်းတုတွေကလည်း စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုသတင်းတုတွေကို Think Before You Trust (တွေးပြီးမှယုံ) ရဲ့ သူငယ်ချင်းတွေအနေနဲ့ လွယ်လင့်တကူ မယုံကြည်မိကြဖို့ လိုသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ထုတ်ပြန်ချက်တွေကနေ ပြန်လည်စိစစ်ဖို့ လိုအပ်ပါတယ်နော်။ သူငယ်ချင်းတို့ အနေနဲ့ စိစစ်ဖို့ ခက်ခဲမယ် ဆိုလျှင်လည်း ကျနော်တို့ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: