Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>အကျပ်အတည်း ကာလကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေကြတဲ့ Page အတုများ
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

အကျပ်အတည်း ကာလကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေကြတဲ့ Page အတုများ

သူငယ်ချင်းတို့ရေ….

အခုတခါမှာတော့ COVID-19 ကိုရင်ဆိုင်နေတဲ့ ကာလမှာ မင်းသား၊ မင်းသမီးတွေရဲ့ အကောင့်တွေ၊ Max Maynmar လုပ်ငန်းစုပိုင်ရှင် ဦးဇော်ဇော် စတဲ့သူတွေရဲ့ နာမည်နဲ့ အကောင့်တုတွေကို အသုံးချပြီး ဖုန်းဘေလ်၊ ဖုန်း နဲ့ တခြားပစ္စည်းတွေကို မဲဖောက်ပေးနေတဲ့ သတင်းတုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အဖက်ဖက်မှ အမျိုးမျိုးသောသတင်းတုတွေ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အခုတွေ့ရှိရတဲ့ သတင်းတု ပျံ့နှံ့ပုံမှတေ့ာ မင်းသား၊ မင်းသမီး၊ မော်ဒယ်ပုံတွေအပါအဝင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပုံတွေနဲ့အတူ ၎င်းတို့က ဖုန်းဘေလ်လှူတဲ့သတင်းတွေ၊ မြေဧကလှူတယ်ဆိုတဲ့ ပို့စ်ကိုတင်ထားပါတယ်။ အဲ့ဒီပို့စ်တွေကို Like လုပ်ခိုင်းခြင်း၊ Comment မန့်ခိုင်းခြင်းနဲ့  ပြန်ရှယ်ခိုင်းတာတွေကို အဓိက လုပ်နေကြတာတွေကို တွေ့ခဲ့ရပါတယ်။

အခက်အခဲအကျပ်အတည်းများနဲ့ အများပြည်သူရင်ဆိုင်နေရချိန်မှာ အသိပညာအားနည်းတဲ့ သူတွေကို အခွင့်ကောင်းယူပြီး အခုလိုသတင်းတုရေးသားတွေ ပိုမိုပျံ့နှံ့လာတာကို Think Before You Trust မှ သတိထားမိလာပါတယ်။ အဲ့လို သတင်းတုတွေဟာ Facebook ကို ပုံမှန် သုံးစွဲသူများအကြားမှာတော့ လွယ်လင့်တကူ အတုမှန်းသိသာနိုင်ပေမဲ့ ဒစ်ဂျစ်တယ်သိမှုပညာ နှိမ့်ပါးတဲ့ လူအများကြားမှာတော့ ယုံယုံကြည်ကြည်နဲ့ ပိုစ့်ထဲက ခိုင်းတာတွေကို လုပ်နေကြတာ တွေ့မြင်ရပါတယ်။

ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အချိန်အတွင်း အများပြည်သူရဲ့ လိုအပ်ချက်တွေကို အသုံးချပြီး မသမာသူတွေဟာ သတင်းတုတွေ လုပ်ကြံဖန်တီးရေးသားပြီး သူတို့ရဲ့ Account, Page တွေကို ကို Like,Follower များအောင်ပြုလုပ်နေတာတွေက ကျင့်ဝတ်မရှိပဲဆိုးရွားလွန်းလှပါတယ်။ သတင်းတု တင်ထားကြတဲ့ Account, Page နဲ့ Group တွေဟာ ၎င်းတို့လိုချင်တဲ့ like, Comments, Share အရေအတွက်တွေကို ရရှိဖို့အတွက် လုပ်နေကြပြီး သတ်မှတ်ချက်ပြည့်မှီခဲ့ချိန်မှာတော့ဒီလို သူတို့တွေက ဘာတွေ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာမသိနိုင်သလို စိုးရိမ်ဖွယ်ရာ ကောင်းလှပါတယ်။

မြန်မာနိုင်ငံလို Facebook မှ တဆင့် အမုန်းစကားတွေ၊ ပဋိပက္ခတွေကို လွယ်လင့်တကူဖန်တီးလို့ရနေတဲ့ နိုင်ငံတွေအတွက် ပိုမိုပြီးတော့ အန္တရာယ်များလှပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း ဒီလိုပိုစ့်တွေ တွေ့လျှင် မShareမိဖို့လိုသလို သတင်းတုဟုတ်မဟုတ်စစ်ဆေးချင်ရင်လည်း Think Before You Trust – တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: