Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ခဲ့ကြောင်း ဂျပန်နိုဗယ်ဆုရှင်မှ ပြောကြားဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံတကာ

ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ခဲ့ကြောင်း ဂျပန်နိုဗယ်ဆုရှင်မှ ပြောကြားဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…

ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ တွေ့ရှိရတဲ့ သတင်းအချက်အမှားတွေကို တွေးပြီးမှယုံကနေ အစဉ်တစိုက် ဖော်ထုတ်ပေးလျက်ရှိပါတယ်။ ဒီလိုသတင်းအချက်အလက်မှားတွေ လူတွေကို နားလည်မှုလွဲအောင် ပြုလုပ်ဖန်တီးထားတဲ့ သတင်းတုတွေဟာ မြန်မာနိုင်ငံတွင်သာမက တစ်ခြားသောနိုင်ငံများတွင်လည်း တွေ့ကြုံနေရသာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဂျပန်နိုင်ငံနိုဘယ်ဆုရှင် ပရော်ဖက်ဆာ တာဆူကုဟွန်ဂျိုက ကိုရိုနာဗိုင်းရပ်စ်ဟာ သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘဲ တရုတ်နိုင်ငံက ဝူဟန်က ဓာတ်ခွဲခန်းတစ်ခုမှာ ထုတ်လုပ်ထားတာဖြစ်ကြောင်းအတည်ပြုလိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး “ကိုဗစ် ၁၉ သည် လူလုပ်ဗိုင်းရပ်စ်ဖြစ်ကြောင်း သက်သေနဲ့ ဖွင့်ဟလိုက်ပြီ” ဆိုတဲ့သတင်းခေါင်းစဉ်ဟာ ဖေ့ဘွတ်ခ်နဲ့ တခြားလူမှုကွန်ရက်တွေမှာ တော်တော်များများပြန့်နှံ့နေတာကို တွေ့ရှိရခဲ့ရပြီး တွေးပြီးမှယုံကနေ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာကို တွေ့ရှိရပါတယ်။

Untitled design (28)

(၁) ပရော်ဖက်ဆာ ဟွန်ဂျိုဟာ ၂၀၁၈ ခုနှစ်မှာ ကင်ဆာကုထုံးတစ်ခုကြောင့် ဆေးပညာနိုဘယ်ဆု ရရှိခဲ့ပြီး သူ့အနေနဲ့ လူမှုကွန်သုံးစွဲခြင်းမရှိကြောင်းနှင့် ကိုဗစ် ၁၉ သည် လူလုပ်ဗိုင်းရပ်စ်ဖြစ်ကြောင်းကို ရေးသား ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းအချက်စစ်ဆေးတဲ့ AFP သတင်းဌာနက ဆက်သွယ်မေးမြန်းချက်နှင့် RAPPLER သတင်းဌာနရဲ့ သတင်းမှားဖြစ်ကြောင်း ရေးသားသားထားတာကို ဖော်ပြပေးလိုက်ပါတယ်။

Untitled design (27)

(၂) သတင်းမှားမှာ ပရော်ဖက်ဆာဟွန်ဂျိုဟာ ဝူဟန်ဓာတ်ခွဲခန်းမှာ လေးနှစ်ကြာ အလုပ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပင်မဲ့ ပရော်ဖက်ဆာဟွန်ဂျိုဟာ ကျိုတိုတက္ကသိုလ်မှာ လက်ထောက်ညွှန်ကြားရေးမှုရာထူးနဲ့ အဆင့်မြင့်သိပ္ပံပညာ ဧည့်ပေါမောက္ခရာထူးကို လက်ခံပြီး တာဝန်ထမ်းဆောင်နေကြောင်းကိုတက္ကသိုလ်ရဲ့ ဝဘ်ဆိုဒ်မှာလည်း သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြထားပြီး ဝူဟန်ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

(၃) ဒီသတင်းမှားနဲ့ ပတ်သက်ပြီး ကျိုတိုတက္ကသိုလ်လည်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
“COVID-19 ကူးစက်ရောဂါကြောင့်နာကျင်မှု၊ စီးပွားရေးဆုံးရှုံးမှုနှင့် မကြုံစဖူး ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲဒုက္ခများရင်ဆိုင်နေရချိန်တွင် ကျွန်ုပ်နှင့် ကျိုတိုတက္ကသိုလ်၏ အမည်ကိုအသုံးပြုကာ မှားယွင်းသောစွပ်စွဲချက်များနှင့်သတင်းမှားများကို ဖြန့်ဝေနေကြသည်ကို သိရှိရသည့်အတွက် အလွန်ဝမ်းနည်းမိပါသည်”။ ထုတ်ပြန်ကြေညာချက်ကို အောက်ပါလင့်မှာ အပြည့်အစုံဖတ်ရှုလို့ရပါတယ်။ #KYOTO UNIVERSITY

Untitled design (29)

သူငယ်ချင်းတို့လည်း… ဒီလို တိကျသေချာမှုမရှိတဲ့ သတင်းအချက်အလက်တွေကို တွေ့ရှိရင် အလွယ်တကူ မယုံကြည်ပဲ တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ တရားဝင်သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းအချက်နဲ့ တိုက်စစ်ဆေးကြည့် အကြုံလိုက်ပါရစေနော်။ ဒါမှမဟုတ် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: