Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်အနီး စိန့်မာတင်ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်က လက်နက်ကြီးများ၊ တပ်အင်အား ဖြည့်ဆည်းနေတယ်ဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်အနီး စိန့်မာတင်ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်က လက်နက်ကြီးများ၊ တပ်အင်အား ဖြည့်ဆည်းနေတယ်ဆိုတဲ့ သတင်းတု

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပတ်သတ်ပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတုတွေကတော့ ဒီရက်ပိုင်းမှာ အများကြီးပေါ်ထွက်နေပါတယ်။ ဒီတခေါက်မှာဆိုရင်လည်း မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်အနီး စိန့်မာတင်ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်မှ လက်နက်ကြီးများ၊ တပ်အင်အားများဖြည့်ဆည်းနေတယ်ဆိုတဲ့ သတင်းတုကို ဖော်ထုတ်ပေးလိုက်ပါတယ်နော်…

သတင်းတုရဲ့ ရေးသားထားပုံမှာဆိုရင် ၆.၄.၂၀၂၀ နေ့မှာ မြန်မာ့တပ်မတော်က AA နဲ့ ARSA ကို တိုက်ထုတ်လိုက်လို့ ဘဂ်လားဒေ့ရှ်ဘက်ကနေ စိန့်မာတင်ကျွန်းပေါ်မှာ လက်နက်ကြီးတွေ၊ တင့်ကားဖျက်မစ်ဆိုင်းများနှင့် တပ်အင်အားကို ဖြည့်ဆည်းနေတယ်လို့ တင်ထားပါတယ်။ ပြီးတော့ မြန်မာ့တပ်မတော်ကလည်း မြန်မာ့မြေပေါ် ကျဥ်တစ်တောင့်ကျရင် ပြန်လည်တုန့်ပြန်သွားမှာဖြစ်တဲ့အကြောင်းကိုလည်း ဆက်ရေးထားပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံ-Think Before You Trust မှ တွေ့ရှိ ချိန်မှာ Like 5900, Share 3100 ကျော်ရှိနေပြီဖြစ်ပါတယ်။ သတင်းတုကို စစ်ဆေးကြည့်တဲ့အခါမှာ  ပြည်တွင်းက တရားဝင်သတင်းမီဒီယာတွေမှာ အဆိုပါသတင်းတုနဲ့ ပတ်သတ်ပြီး တင်ဆက်ထားတာမရှိခဲ့ပါဘူး။ ဒါ့အပြင် သတင်းတုမှာ ပါတဲ့ ဓါတ်ပုံတွေကို စစ်ဆေးကြည့်တဲ့ အခါမှာ……

၂၀၀၉ ခုနစ်တွင်းက ဘဂ်လားဒေ့ရှ်နယ်စပ်ကို လုံခြုံရေးတာဝန်ယူထားတဲ့ Bangladesh Rifles (BDR) ရဲ့ ပုန်ကန်မှုကို အစိုးရက ထိန်းချုပ်နိုင်အပြီး မြို့တော်ဒါကာရှိ BDR ရုံးချုပ်ရှေ့မှာ တင့်ကားများရပ်ထားတဲ့ပုံ

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက စိန့်မာတင် ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်မှ စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့ ဓါတ်ပုံ

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဘဂ်လားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို စစ်သွေးကြွတွေတိုက်ခိုက်မှု ဖြစ်စဥ်အတွင်းမှာ လုံခြုံရေးဝန်ထမ်းများက ဝင်ရောက်ထိမ်းသိမ်းတဲ့ဖြစ်စဥ်မှ ဓါတ်ပုံ တွေပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော်(AA) နဲ့ မြန်မာ့တပ်မတော်အကြားတိုက်ပွဲများ ပြင်းထန်နေချိန်မှာ အထင်အမြင်လွှဲမှားမှုတွေ ဖြစ်စေနိုင်တဲ့ အခုလို သတင်းတုတွေဟာ ငြိမ်ချမ်းရေးဖြစ်စဥ်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ကပ်ရောဂါကာလအတွင်းမှာ ဒီလိုသတင်းတွေဟာ လူအများကို ပိုမို ဆိုးရိမ်မှု ပိုစေပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း ခုလို သတင်းတုတွေကို လွယ်လိုတကူယုံကြည်မိဖို့ မလိုသလို စစ်ဆေးဖို့ အချိန်မပေးနိုင်ပါကလည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: