Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>“ညီမျှမှုမရှိတဲ့ တပ်မတော်မကြာခင်ပြိုကွဲမှာပဲ” ဟု MIPS မှ Executive Director ဒေါက်တာမင်းဇော်ဦးပြောကြား တယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

“ညီမျှမှုမရှိတဲ့ တပ်မတော်မကြာခင်ပြိုကွဲမှာပဲ” ဟု MIPS မှ Executive Director ဒေါက်တာမင်းဇော်ဦးပြောကြား တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ

ဒီတခေါက်ပြောပြပေးသွားမှာကတော့ “ညီမျှမှုမရှိတဲ့ တပ်မတော်မကြာခင်ပြိုကွဲမှာပဲ” လို့ MIPS မှ Executive Director ဒေါက်တာမင်းဇော်ဦးပြောကြားတယ် ဆိုတဲ့ သတင်းတု တပုဒ်အကြောင်းပဲ ဖြစ်ပါတယ်။ သတင်းတုမှာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်သားတို့အကြား အကျိုးခံစားခွင့်ကွာဟချက်တွေ ကြောင့် မကြာခင်တပ်မတော် ပြိုကွဲသွားနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူ ဒေါက်တာမင်းဇော်ဦးကပြောပါတယ် လို့ ရေးသားထားတာပါ။ ဒါ့အပြင် အဆိုပါပြောကြားချက်ကို ဒေါက်တာမင်းဇော်ဦးနှင့် အရှေ့အာရှသတင်းဌာနက ကိုးကားထားတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

အဆိုပါ သတင်းတုဟာ ဆိုရင် အခုအချိန်မှာ လိုက်ခ်-၁၃၀၀ ကျော်နှင့် ပြန်လည်မျှဝေသူပေါင်း ၁၁၇၃ ရှိနေခဲ့ပြီဖြစ်ပါတယ်။ သတင်းတုမှာ ဖော်ပြထားတဲ့အချက်အလက်တွေဟာ Myanmar Institute for Peace and Security မှ Executive Director ဖြစ်သူ ဒေါက်တာမင်းဇော်ဦးနှင့် ဧရာဝတီသတင်းဌာန၊ ဘီဘီစီသတင်းဌာန တို့ အင်တာဗျူးမှ အချက်အလက်အချို့ကို ဆွဲထုတ်ထားခြင်းဖြစ်တယ်လို့ ဒေါက်တာမင်းဇော်ဦးက သူရဲ့ Facebook Account မှာ ရေးသားထားပါတယ်။ ဒေါက်တာမင်းဇော်ဦး၏ အဖွဲ့နာမည်ကိုလည်း MPIS ဟု သတင်းဓါတ်ပုံပေါ်မှာ မှားယွင်းစွာဖော်ပြထားတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် သတင်းတုကို တင်ထားသည့် A-U-O New Media ဟူသည့် ပေ့ချ်မှာ သတင်းတုများနှင့် ရောထွေးသတင်းများကိုသာ တင်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒီလို သတင်းတုတွေဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အင်တာဗျူးတွေကို မိမိတို့ လိုအပ်သလို ဆွဲထုတ် ထုတ်နှုတ်ရေးသားပြီးတော့  သတင်းမီဒီယာနာမည်ခံပြီး သတင်းမှားတွေ ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။ သတင်းတွေ၊ အင်တာဗျူးတွေမှာ သတင်းအချက်အလက်တွေကို လိုအပ်သလို ကောက်နှုတ်ပြီး ပြန်လည်ရေးသားဖော်ပြမှုတွေဟာ အများပြည်သူတွေကို သတင်းမှားတွေ အလွယ်တကူ ယုံကြည်စေနိုင်ပြီး ပြန့်နှံ့လွယ်စေပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့အနေနဲ့လည်း သတင်းမှားတွေကို လွယ်လင့်တကူ မယုံကြည်မိကြဖို့ လိုသလို သတင်း အတု၊ အစစ် စစ်ဆေးဖို့ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: