Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုဗစ်ဗိုင်းရပ်စ်ကုပေးပြီး နားရက်ပြန်လာတဲ့ ဆရာဝန်တွေကို ရောဂါသယ်လာတယ်ဆိုပြီး ရိုက်နှက်ရွာပြင်ထုတ်နေတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံတကာ

ကိုဗစ်ဗိုင်းရပ်စ်ကုပေးပြီး နားရက်ပြန်လာတဲ့ ဆရာဝန်တွေကို ရောဂါသယ်လာတယ်ဆိုပြီး ရိုက်နှက်ရွာပြင်ထုတ်နေတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….

ခုတစ်ခေါက်ပြောပြပေးချင်တာကတော့ “ကိုဗစ်ဗိုင်းရပ်စ်ကုပေးပြီး နားရက်ပြန်လာတဲ့ ဆရာဝန်တွေကို ရောဂါသယ်လာတယ်ဆိုပြီး ရိုက်နှက်ရွာပြင်ထုတ်နေတယ်” ဆိုတဲ့ သတင်းတု တပုဒ်ပဲဖြစ်ပါတယ်။ ပဒေသာ မီဒီယာဆိုတဲ့ မီဒီယာအမည်ခံပေ့ချ်တစ်ခုကနေ ဒီသတင်းကို တင်ထားတာဖြစ်ပြီး အာဖရိကမှာ ကိုဗစ်ဗိုင်းရပ်စ်ကုပေးပြီး နားရက်ပြန်လာတဲ့ ဆရာဝန်တွေကို ရောဂါသယ်လာတယ်ဆိုပြီး ရိုက်နှက်ရွာပြင်ကို မောင်းထုတ်နေတယ်လို့ ဗွီဒီယို အပိုင်းအစတစ်ခုနဲ့ အတူ တင်ထားပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံ-Think Before You Trust မှ အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတုမှာ ရေးထားသလိုမျိုး အာဖရိကမှာ ဖြစ်ခဲ့ သတင်းတစ်ပုဒ်မဟုတ်ခဲ့ပဲ အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ၊ Indore မြို့တော်ရဲ့ Tattpatti Bakhal ခရိုင်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူရဲ့ မိသားစုဝင်တွေကို ဆေးကုသပေးဖို့ လာရောက်ခဲ့တဲ့ဆရာဝန်တွေကို ဒေါသထွက်နေတဲ့ အနီးအနားနေထိုင်သူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီးလိုက်လံတိုက်ခိုက်ခဲ့တဲ့ ရုပ်သံပဲဖြစ်ပါတယ်။

ဆရာဝန်အမျိုးသမီးနှစ်ဦးထိခိုက်ခဲ့ပြီး တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ လူလေးဦးကို ဖမ်းဆီးမိထားကြောင်း ရဲအရာရှိများက ထုတ်ပြန်ထားပါလို့ အင်္ဂလန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ Daily Mail သတင်းဝက်ဆိုက်မှာ ယခုလို ဖော်ပြထားပါတယ်။ ဒီလိုသတင်းတုတွေဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းမှာ ရှေ့တန်းမှာ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ကောင်းနေပါတယ်။ သူငယ်ချင်းတို့ အနေနဲ့လည်း ဒီလိုသတင်းတုတွေကို လွယ်လင့်တကူ မယုံကြည်မိကြဖို့ လိုအပ်သလို သတင်းတု၊ မှန် ခွဲခြားဖို့ အခက်အခဲရှိမယ်ဆိုရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: