Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>NLD ပါတီမှ မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို ထောက်ပံ့မယ်ဆိုတဲ့ သတင်းတု
ဘာသာရေး

NLD ပါတီမှ မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို ထောက်ပံ့မယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..
ဇွန်လဆန်းပိုင်းမှ ပြန့်နှံ့လာတဲ့ “မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို NLD ပါတီက ကူညီမယ်” ဆိုတဲ့ သတင်းတုအကြောင်းကို တွေးပြီးမှယုံက ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီသတင်းတုကို ဇွန်လ (၁) ရက်နေ့မှာ ချစ်သမီးလေး ဆိုတဲ့ ဖေ့ဘုတ် အကောင့်တစ်ခုကနေ “စက်တင်ဘာတွင် ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ ကူညီမည်” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ စတင်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ 
သတင်းတုထဲမှာ ဆိုရင် ညီလာခံကို နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး NLD ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ ထောက်ခံတယ်ဆိုတဲ့အကြောင်းကို ဒေါက်တာမြင့်သိန်းက ပြောကြားတယ်လို့ ရေးသားထားပါတယ်။ သတင်းတုကို အခုလို တာဝန်ရှိတယ် ထင်ရတဲ့ လူတစ်ဦးရဲ့ ပြောဆိုမှုတွေနဲ့ ထည့်သွင်းရေးသားထားတာဟာ စာဖတ်သူတွေရဲ့ ယုံကြည်မှုကို အလွယ်တကူပဲ ရရှိနိုင်ပါတယ်။
အဆိုပါ သတင်းတုဟာ အခုလက်ရှိမှာဆိုရင် Like – 434 ဦး နဲ့ Share – 1327 ဦး ရှိနေပါပြီ။
ဒီသတင်းတုဟာ ယခု ၂၀၂၀ မှ ပြန့်နှံ့တာမဟုတ်ပဲ ၂၀၁၄, ၂၀၁၅, ၂၀၁၆ ခုနှစ်တွေမှာကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ ပြန့်နှံ့ခဲ့တာဖြစ်ပြီး တွေးပြီးမှယုံ ကနေလည်း ၂၀၁၉ ခုနှစ်မှာ သတင်းတုဖြစ်တဲ့အကြောင်း ဒီလို ဖော်ပြခဲ့ဖူးပါတယ်။
သတင်းတုကို ဖြန့်ဝေထားတဲ့ ချစ်သ်မီးလေး ဆိုတဲ့ အကောင့်ကို ဝင်ရောက်လေ့လာလိုက်တဲ့အခါမှာ ဘာသာရေး၊ လူမျိုးရေး တွေနဲ့ ပတ်သက်ပြီးတော့ မဟုတ်မမှန်သည့် သတင်းတု/ မှားတွေ ရေးသားဖြန့်ဝေနေတာကိုလည်း တွေ့ရှိရပါတယ်။ 
သူငယ်ချင်းတို့အနေနဲ့ သတင်းဖတ်ရှုတဲ့အချိန်မှာ တရားဝင်မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကိုသာ ဖတ်ရှုကြဖို့ အမှာပါးလိုပါတယ်။ အခုလို သတင်းတုတွေနဲ့ တွေ့ခဲ့ရင်လည်း ကိုယ်တိုင်ကိုယ်ကျ တိကျသေချာတဲ့ သတင်းရင်းမြစ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသင့်သလို တွေးပြီးမှယုံရဲ့ Chat Box မှာလည်း လာရောက်မေးမြန်းလို့ ရပါတယ်နော်။
%d bloggers like this: