Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း ထည့်သွင်းမယ်လို့ ဖော်ပြထားတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း ထည့်သွင်းမယ်လို့ ဖော်ပြထားတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ……..

“AA တပ်ရင်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း” Bangladesh Military Affairs Page မှာ ဖော်ပြထားတယ် ဆိုတဲ့ သတင်းတု တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီသတင်းတုကိုတော့ ဇွန်လ (၁၁) ရက်နေ့မှာ Win Htein Oo ဆိုတဲ့အကောင့်ကနေ တင်ထားတာဖြစ်ပါတယ်။  သတင်းဖော်ပြချက်မှာတော့ Bangladesh Affairs Page က ဖော်ပြထားချက်ကို ပုံနဲ့တကွ  ပြန်လည်တင်ပြထားတာဖြစ်ပြီး အမေရိကန်ကွန်ဂရက် အမတ်တစ်ဦးရဲ့ ပြောပြချက်ကိုကိုးကားထားပါတယ်။ (Arakan Army)AA ကို Arakan အစား Arakar လို့ စားလုံးအပေါင်းအမှားနဲ့ဖော်ပြထားပြီး AA ကို ARSA အတွက်တိုက်ပေးနေတဲ့အကြောင်း  ရခိုင်ပြည်နယ် အစိုးရရုံး တာဝန်ရှိသူတစ်ဦးကပြောတယ်လို့ရေးသားထားပါတယ်။ သတင်းရဲ့ကိုးကားဖော်ပြချက်တွေမှာ လူပုဂ္ဂိုလ် တိတိကျကျဖော်ပြထားတာမရှိတာ စာလုံးပေါင်းတွေမှားယွင်းနေတာ တွေဟာလည်း သတင်းမှားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေပါပဲ။

ဒီလိုပဲ ခပ်ဆင်ဆင်တူတဲ့ သတင်းတုတစ်ပုဒ်ကတော့ Social Mdia မှာထင်ပေါ်ကျော်ကြားနေပြီးတော့ အမုန်းစကားတွေ ပုံမှန်တင်လေ့ရှိတဲ့ Nay Zin Latt ဆိုတဲ့ Facebook Page ကနေလည်း ဘင်္ဂလားဒေ့ချ်က အနာဂါတ်မှာ ရေလွှမ်းခံရဖို့ရှိတယ် လောလောဆယ်မောင်တော ကိုအခြေခံပြီး အနာဂါတ်မှာ ရခိုင်ဒေသတခုလုံးကို ဝါးမြို……” လို့ရေးသားထားပြီး Bangladesh Affairs Page ကဖော်ပြထားတဲ့ ပုံကိုပဲ ပြန်လည်အသုံးပြုထားပါတယ်။

သတင်းတုတွေရဲ့ ပြန့်နှံ့မှုနှုန်းတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ Win Htein Oo ရဲ့သတင်းတုဟာ (၅၂၆) ဦး နဲ့ Nay Zin Latt တင်ထားတဲ့ သတင်းတုမှာတော့ (၁၃၅၉) ဦး အသီးသီး ပြန်လည်မျှဝေထားတာကို‌ တွေ့ရှိရပါတယ်။

တွေးပြီးမှယုံကနေ ပြန်လည်စစ်ဆေးကြည့်လိုက်တဲ့အခါမှ သတင်းတုမှာ ကိုးကားထားတဲ့ Bangladesh Affairs Page ဆိုတဲ့Page ဟာ အခုလက်ရှိမှာ ရှိမနေတော့ပါဘူး။ ဒါ့အပြင် Facebook ရဲ့ တရားဝင် အသိအမှတ်ပြုမှုဖြစ်တဲ့ Blue mark ပါတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ Bangladesh Army Page မှာ အဆိုပါ သတင်းနဲ့ပတ်သက်တဲ့ သတင်းကိုမတွေ့ရှိရတဲ့အပြင် သတင်းတုမှာ အသုံးပြုထားတဲ့ မြေပုံကိုလည်း မတွေ့ရပါဘူး။

အခုလို တဖက်နိုင်ငံက အစိုးရကိုယ်စားပြုသယောင်နဲ့ Page အတုတွေရဲ့ ထုတ်ပြန်ချက်တွေဟာ အများအပြားရှိနေပြီးတော့ ထိလွယ်ရှလွယ်ပြဿနာတွေဖြစ်တဲ့ လူမျိုးရေး၊ နိုင်ငံရေးတွေပါဝင်လာတဲ့အခါမှာ စာဖတ်သူတွေကို အလွယ်တကူပဲ ယုံကြည်စေပြီး ပြန်လည်မျှဝေမှုတွေများတာကြောင့် အချိန်တိုအတွင်းပြန့်နှံ့နိုင်ပါတယ်။

တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်တဲ့အခါ သတင်းတင်တဲ့ Page, Account ကို လေ့လာသင့်သလို သတင်းရဲ့ ကိုးကားမှုနဲ့ သတင်းရင်းမြစ်ကိုလည်း သတိထားပြီး ကြည့်ဖို့လိုပါတယ်။ သံသယရှိနေတဲ့ သတင်းတုလို့ ထင်နေတဲ့ သတင်းတွေကိုလည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းလို့ရပါတယ်။

%d bloggers like this: