Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုရိုနာကပ်ရောဂါအကြောင်း မိုင်းဖုန်းဆရာတော် မိန့်ကြားတယ် ဆိုတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်ဘာသာရေး

ကိုရိုနာကပ်ရောဂါအကြောင်း မိုင်းဖုန်းဆရာတော် မိန့်ကြားတယ် ဆိုတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ သတင်းတု

သူငယ်ချင်းတို့ရေ……

ခုတခေါက်ပြန့်နှံ့လာတဲ့ သတင်းတု တစ်ခုကတော့ “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

ဇွန်လ (၁၃) ရက်နေ့မှာ 48 News ဆိုတဲ့ website တစ်ခုက “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” လို့သတင်းခေါင်းစဉ်တပ်ထားတဲ့ သတင်းတု တစ်ခုဖြန့်ဝေခဲ့ပါတယ်။ သတင်းမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တစ်နိုင်ငံလုံးနီးပါး ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံးဖြစ်မယ့်အကြောင်း အပြင် ဘူတန်နိုင်ငံက ကပ်ရောဂါအနည်းဆုံးခံစားရမှာဖြစ်ကြောင်း ဘုရား တရား သံဃာရဲ့ ဘုန်းတန်ခိုးတော် ဂုဏ်ကျေးဇူးတော်တွေကြောင့် ရောဂါမကျရောက်နိုင်တဲ့အကြောင်းတွေ ကို ထည့်သွင်း ရေးသားထားပါတယ်။

ဒီသတင်းတုကိုတော့ Sao Su Kham ဆိုတဲ့ Facebook အကောင့်တစ်ခုက “လူအများကို ထိတ်လန့်တုန်လှုပ်စေတဲ့ မဟုတ်မမှန် သတင်းကို မိုင်းဖုန်းဆရာတော် မိန့်တယ်ဆိုပြီး ရေးသားဖြန့်ဝေခြင်းအား ကန့်ကွက်ပါတယ်” လို့ရေးသားပြီး 48News ကတင်ထားတဲ့သတင်းဟာ မမှန်ကန်တဲ့အကြောင်းကို‌ ရေးသားထားတာပါ။ အဆိုပါအကောင့်ကို လေ့လာကြည့်တဲ့အခါ တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ(စဝ်ဆုခမ်း တန့်ယန်း) အသုံးပြုနေတာ ဖြစ်ပြီး မိုင်းဖုန်းဆရာတော်ရဲ့ အလှူလက်ခံရရှိတဲ့အကြောင်း နဲ့ မိုင်းဖုန်းဆရာတော် စံကျောင်းရဲ့ သတင်းတွေကို ပုံမှန်တင်ပေးနေတဲ့ အကောင့်အစစ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ပြီး ဘာသာရေးပြဿနာတွေဟိာ ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် အခုလို ထင်ပေါ်ကျော်ကြားတဲ့ ဆရာတော်တပါးရဲ့ အမည်ကိုအသုံးပြုပြီး ဘာသာနှစ်ခုကြားမှာ ရန်တိုက်ပေးတဲ့ ဒီလိုသတင်းတုတွေဟာ စာဖတ်သူတွေအတွက် အန္တရာယ်တစ်ခုပါပဲ။ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့လဲ ဘာသာတစ်ခုနဲ့ တစ်ခုကြား ရန်တိုက်ပေးတတ်တဲ့ သတင်းတုတွေ မယုံကြည်ကြဖို့နဲ့ သတင်းတုလို့ ထင်မိတာနဲ့ တွေးပြီးမှယုံ ရဲ့  Chat Box မှာ လာရောက်မေးမြန်းဖို့ သတိရလိုက်ပါနော်။

%d bloggers like this: