Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>AA ရဲ့ လုပ်ရပ်ဆိုးရွားကြောင်း ဦးဖြိုးမင်းသိန်းမှ တပ်မတော်သားများ၏ COVID-19 စင်တာတွင် ပြောကြားဆိုတဲ့ သတင်းတု
တိုင်းရင်းသားနိုင်ငံရေး

AA ရဲ့ လုပ်ရပ်ဆိုးရွားကြောင်း ဦးဖြိုးမင်းသိန်းမှ တပ်မတော်သားများ၏ COVID-19 စင်တာတွင် ပြောကြားဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….

ခုတစ်ခေါက် တွေးပြီးမှယုံ ရဲ့ တွေ့ရှိထားတဲ့သတင်းတုတစ်ခုဟာ ဆိုရင် နေစဥ်သတင်း ဆိုတဲ့ ပေ့ချ်ကနေ ဇွန်လ၊ ၉ရက်နေ့က “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က AA အကြမ်းဖက် သောင်းကျန်းသူများရဲ့ လုပ်ရပ်ဆိုးရွားကြောင်း၊ ရခိုင်တိုင်းရင်းသားတချို့ကလည်း အစွန်းရောက်နေကြောင်း…..” စသဖြင့်ရေးသားထားပြီး ရခိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရန်ကုန်) မှ ကိုဖြိုးဇေယျာမှ “AA ကနေ အကြမ်းဖက်တာကို မြင်လား၊ ဝန်ကြီးချုပ်တစ်ယောက်က ဒီလိုစွပ်စွဲတာကို ဆန့်ကျင်တယ်လို့” ဆက်လက်ရေးသားထားပါတယ်။သတင်းတုရဲ့ မှတ်ချက်တွေမှာလည်း တိုင်းရင်းသားတွေအကြား အပြန်အလှန်အမုန်းစကားတွေနဲ့ တုန့်ပြန့်နေတာကို တွေ့ရပါတယ်။ အခုချိန်မှာဆိုရင် ပြန်လည်မျှဝေသူ (၆၄၂) ဦးရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းတုနဲ့ ပတ်သက်လို့ အခုချိန်ထိ ပြည်တွင်းက တခြားတရားဝင်မီဒီယာတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ရန်ကုန်တက္ကသိုလ်) က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သတင်းတုဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် နေ့စဥ်သတင်းဆိုတဲ့ ပေ့ချ်က မီဒီယာအမည်ခံထားပြီး အဓိကအားဖြင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ စစ်ပွဲသတင်း၊ သတင်းတု/ မှား၊ အတည်ပြုရခက်ခဲတဲ့ သတင်းတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အမုန်းပွားစေနိုင်တဲ့ အကြောင်းအရာတွေ ရေးသားဖြန့်ချီနေတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော်(AA) နှင့် တပ်မတော်အကြား စစ်ရေးတင်းမာနေချိန်အတွင်း အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်မှ အခုလို တိုင်းရင်းသားများအကြား အမုန်းစကားဖြန့်ဝေတဲ့ သတင်းတုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှုများဖြစ်စေနိုင်ပါတယ်။ သူငယ်ချင်းတို့ အနေနဲ့လည်း အခုလို သတင်းတုတွေကို လွယ်လင့်တကူမယုံကြည်သင့်ပဲ သတင်းတွေရဲ့ အရင်းအမြစ်တွေကို ရှာဖွေသင့်သလို တွေးပြီးမှယုံ ရဲ့ Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: