Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်ကျ သုံးဦးသေဆုံးဆိုတဲ့ သတင်းတု
နိုင်ငံရေး

မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်ကျ သုံးဦးသေဆုံးဆိုတဲ့ သတင်းတု

“မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်ကျ သုံးဦးသေဆုံး” ဆိုတဲ့ သတင်းတုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook မှာ အတော်လေးကို ပြန့်နှံ့နေပါတယ်။ သတင်းတုကို Zin Min ဆိုတဲ့ အကောင့်က ဇွန်လ၊ ၁၅ရက်နေ့  က တင်ထားတာကို တွေ့ရပါတယ်။ သတင်းတုမှာတော့ “မိတ္ထီလာ-တောင်ငူ-မှော်ဘီ ခရီးစဉ်သွားတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျတယ်” လို့ဖော်ပြထားပါတယ်။ အခုဆိုရင် ဒီသတင်းက Like ပေးတဲတဲ့သူ ၁၉၆ ဦးနဲ့ ပြန်လည်မျှဝေသူ ၅၀၀ ကျော်နေပါပြီ။ 

ဒီသတင်းရဲ့ စာသားမှာ ပါဝင်တဲ့ စာသားကို copy ယူပြီး Google Search မှာ ရှာကြည့်လိုက်တဲ့အခါမှာ တွေ့ရတာကတော့ ၂၀၁၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က BBC  မြန်မာပိုင်းအစီအစဉ်မှာ တင်ထားခဲ့တဲ့ သတင်းကို တွေ့ရပါတယ်။ 

၂၀၁၆ ခုနှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ သတင်းကို သတင်းဓါတ်ပုံ သတင်းစာသားတွေက အစ အသုံးပြုထားပြီး အခုမှ ဖြစ်သလို သတင်းတု ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ 

အခုလို အရင်က ထိခိုက်နစ်နာခဲ့တဲ့ သေဆုံးခဲ့တဲ့ သတင်းတွေကို အသုံးပြုပြီး စာဖတ်သူတွေကို စိုးရိမ်စိတ် ဖြစ်အောင် သတင်းတုဖြန့်ဝေနေတာတွေကို စာဖတ်သူတွေအနေနဲ့ အလွယ်တကူ ယုံကြည်ပြီး ပြန်လည်မျှဝေလိုက်တာမျိုးမလုပ်ပဲနဲ့ သတိပြုမိဖို့လိုအပ်ပါတယ်။ 

သတင်းတုကို တွေ့ရင် သတင်းတုဖြစ်ကြောင်း Report လုပ်လို့ရသလို သတင်းတုလို့ သံသယရှိလာပြီဆိုရင်လဲ တွေးပြီးမှယုံ ရဲ့  Chat Box မှာ ဆက်သွယ်မေးမြန်း လို့ရပါတယ်။ တွေးပြီးမှယုံရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတွေကို ပြန်လည်စစ်ဆေးပေးသွားမှာပဲ ဖြစ်ပါတယ်။ 

 

%d bloggers like this: