Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>The Lady ဇာတ်ကားရိုက်ခဲ့တဲ့အတွက် မီရှဲလ်ရိုးနောင်တရနေတယ်ဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

The Lady ဇာတ်ကားရိုက်ခဲ့တဲ့အတွက် မီရှဲလ်ရိုးနောင်တရနေတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ …..

ခုတစ်ခေါက်မှာတော့ တွေးပြီးမှယုံ ရဲ့ တွေ့ရှိချက်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ရိုက်ထားတဲ့ The Lady ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်နေရာကနေ သရုပ်ဆောင်မိတဲ့အတွက် မလေးရှားမင်းသမီးတစ်ဉီးဖြစ်သူ မီရှဲလ်ရိုး နောင်တရနေတယ်ဆိုတဲ့ သတင်းတု တစ်ခုပဲဖြစ်ပါတယ်။

သတင်းတုကို Nay Thurain ဆိုတဲ့ အကောင့်ကနေ စတင်ဖြန့်ဖြူးခဲ့တာဖြစ်ပြီး “Justice is The Hague ဇာတ်ကားရိုက်ကူးဖို့အတွက် မီရှဲလ်ရိုး Amsterdam City ကို ရောက်ရှိနေစဉ်ချိန် Amsterdam မီဒီယာများနှင့် တွေ့ဆုံစဉ် အခုလိုဖြေကြားခဲ့တယ်” လို့ ဆက်လက်ဖော်ပြထားပါတယ်။

ဒီ သတင်းကို တွေးပြီးမှယုံ ကနေ အချက်အလက်စစ်ဆေးခဲ့ရာ သတင်းတုဖြစ်နေတာတွေ့ခဲ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်အလက်တွေအရ သတင်းတုလို ပြောရတာဖြစ်ပါတယ်။

  • မီရှဲလ်ရိုးက နောင်တရခဲ့ကြောင်း ပြောကြားခဲ့တယ် ဆိုတဲ့ သတင်းမျိုး Facebook တွင်ရှာဖွေမတွေ့ခဲ့ရသလို Google နဲ့ တခြား တရားဝင်မီဒီယာများမှာလည်း ဖော်ပြထားတာမျိုးမရှိခဲ့ပါဘူး။
  • သတင်းတုမှာ ပါဝင်ထားတဲ့ Justice Is The Hague ဆိုတဲ့  ဇာတ်ကားဟာလည်း တကယ်မရှိခဲ့ပါဘူး။
  • သတင်းတုတင်ထားသူ Nay Thurain ဆိုတဲ့ အကောင့်တုဟာလည်း သတင်းတုနဲ့ အမုန်းစကားတွေကို မကြာခဏဖြန့်ဝေနေသူတစ်ဦးဖြစ်နေပါတယ်။

သူငယ်ချင်းတို့အနေနဲ့လည်း သတင်းတစ်ပုဒ်ကို ဖတ်မယ်ဆိုရင် တရားဝင်သတင်းမီဒီယာတွေက သတင်းတွေကို ယုံကြည်ကြဖို့လိုအပ်သလို သတင်းကို တင်ထားတဲ့ Account, Page နဲ့ Group  တွေကိုလည်း ဝင်ရောက်စစ်ဆေးသင့်ပါတယ်နော်။ အချိန်မပေးနိုင်ရင်ပဲ ဖြစ်ဖြစ်၊ အခက်အခဲတစ်စုံတစ်ရာရှိရင်ပဲ ဖြစ်ဖြစ် တွေးပြီးမှယုံ ရဲ့ Chat Box မှာလည်း လာရောက်စစ်ဆေးနိုင်ပါတယ်နော်။

%d bloggers like this: