Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>တပ်ပြင်မထုတ်သည့် မဲရုံများမှ မဲများကို ရွေးကောက်ပွဲကော်မရှင်မှ ပယ်မဲအဖြစ် သတ်မှတ်မယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေးရွေးကောက်ပွဲ

တပ်ပြင်မထုတ်သည့် မဲရုံများမှ မဲများကို ရွေးကောက်ပွဲကော်မရှင်မှ ပယ်မဲအဖြစ် သတ်မှတ်မယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းတုတွေကတော့ အဆက်မပြတ် ပေါ်ထွက်နေပါတယ်နော်။ ခုတစ်ခေါက်လည်း “တပ်ပြင်မထုတ်သည့် မဲရုံများမှ မဲများကို ပယ်မဲအဖြစ် သတ်မှတ်မည်ဟု ရွေးကောက်ပွဲကော်မတီမှပြော”  ဆိုတဲ့ သတင်းတုတစ်ခုဟာ ဖေ့ဘုတ်ပေါ်မှာ ပျံနှံ့နေပါတယ်။

ဒီသတင်းကို ဇူလိုင်၊ ၂၆ရက်မှာပဲ ခိုင်ယဉ် မွန် ဆိုတဲ့ အကောင့်တစ်ခုကနေ တင်ထားခဲ့သလို Pann Ei Kyaw ဆိုတဲ့ အကောင့်တစ်ခုကနေလည်း Aung San Su Kyi (Myanmar State Counsellor) ဆိုတဲ့ Group ထဲမှ ဖြန့်ဝေထားတာတွေ့ခဲ့ရပါတယ်။ ခိုင်ယဉ် မွန် တင်ထားတဲ့ သတင်းတုဟာဆိုရင် ပြန်လည်မျှဝေသူပေါင်း ၁၀၁၉ ဦးရှိခဲ့ပြီး Pann Ei Kyaw သတင်းမှာတော့ ပြန်လည်မျှဝေသူ ၇၆၆ ဦးရှိခဲ့ပါတယ်။

ဒီသတင်းတုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ ကနေ စစ်ဆေးကြည့်တဲ့အခါ သတင်းတုဖြစ်နေတာတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကနေ ဒီသတင်းတွေနဲ့ ပတ်သက်လို့ သတင်းတုတစ်ခုသာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့  Facebook စာမျက်နှာမှာ ပြန်လည်ဖြေရှင်းထားခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီ သတင်းကို ဒီမှာ သွားကြည့်လို့ရပါတယ်။

သူငယ်ချင်းတို့ရေ… ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ သတင်းတုတွေက အဆက်မပြတ်ထွက်ပေါ်လာနိုင်ပါသေးတယ်။ ဒီလိုသတင်းတွေကို တွေ့ရင် တရားဝင်မီဒီယာများနဲ့ သက်ဆိုင်ရာပါတီများ၊ အဖွဲ့အစည်းများကနေ ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်သင့်ပါတယ်နော်။ အချိန်မပေးနိုင်ရင်ပဲ ဖြစ်ဖြစ်၊ အခက်အခဲတစ်စုံတစ်ရာရှိရင်ပဲ ဖြစ်ဖြစ် တွေးပြီးမှယုံ ရဲ့ Chat Box မှာလည်း လာရောက်စစ်ဆေးနိုင်ပါတယ်နော်။

%d bloggers like this: