Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ထိုင်းဘက်ကို မြန်မာတွေခိုးဝင်လို့ ပစ်ခတ်ခံရသယောင်ရေးထားတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံတကာနိုင်ငံရေး

ထိုင်းဘက်ကို မြန်မာတွေခိုးဝင်လို့ ပစ်ခတ်ခံရသယောင်ရေးထားတဲ့ သတင်းတု

မြန်မာနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ထိုင်းနိုင်ငံဘက်က လုံခြုံရေးတိုးမြှင့်လိုက်တာနဲ့ ပတ်သက်လို့ ဒီလို မဟုတ်မမှန်တဲ့သတင်းတွေဟာလည်း ပျံ့နှံ့လာတာကို တွေ့ရှိရပါတယ်။ “ထိုင်းအစိုးရက ပစ်မိန့်ပေးလိုက်ပြီ” ဆိုတဲ့ သတင်းတုတစ်ခုက တွေးပြီးမှယုံ က အခုလို ဖြေရှင်းပြီး မကြာခင်မှာပဲ ဆူးရဲ့ဒဏ်ရာများနဲ့သူ ဆိုတဲ့အကောင့်တုတစ်ခုက ဩဂုတ်လ ၃၀ရက်နေ့မှာ

“ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ လုံးဝ လုံးဝ ခိုးမဝင်ကြပါနဲ့”

ဆိုပြီး လူတွေလဲကျနေတဲ့ပုံကို တွဲတင်ထားပြီး မြန်မာနိုင်ငံက ခိုးဝင်တဲ့သူတွေကို ထိုင်းစစ်တပ်က ပစ်ခတ်နေသယောင် အထင်အမြင်မှားစေမယ့် သတင်းတု ကို ရေးသားထားတာကိုတွေ့ခဲ့ရပါတယ်။

ဆူးရဲ့ဒဏ်ရာများနဲ့သူရဲ့ ပိုစ့်ကို တွေးပြီးမှယုံကတွေ့ရှိချိန်တွင် ကြိုက်နှစ်သက်သူပေါင်း ၄၂၀၇ဦးနှင့် ပြန်လည်မျှဝေသူပေါင်း ၅၈၄၀၄ ဦးရှိနေပြီး စိုးရိမ်ဖွယ်ရာ ပျံ့နှံ့နေပါတယ်။

သတင်းတုကို တွေးပြီးမှယုံမှ စစ်ဆေးကြည့်ရာ

  • သတင်းတုထဲမှာပါတဲ့ ထိုင်းဘာသာစကား ကို Google Translate အသုံးပြုပြီး စစ်ဆေးကြည့်ရာ “ကာလဆင် ခရိုင်၊ ချိုင်းယဝမ်မြို့နယ် က ဘန့်ဒုန်ကျေးရွာလမ်းမှာ မိသားစုဝင် ၁၀ ဦး စီးနင်းလာတဲ့ ယာဉ်တစ်စီး မတော်တဆဖြစ်ခဲ့မှု ကြောင့် အဲ့နေရာမှာပဲ၂ ဦးပွဲချင်းပြီး၊ ၈ ဦးဒဏ်ရာရရှိတယ်” ဆိုတဲ့ သတင်းကိုတွေ့ရှိခဲ့ပါတယ်။
  • ဒီသတင်းကို ထိုင်းနိုင်ငံအခြေစိုက် တရားဝင်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ “Thairath – ไทยรัฐออนไลน์ မှာ လည်း ယင်းဖြစ်စဉ်မှ ဓါတ်ပုံများသည် ယာဉ်တိုက်မှုတစ်ခုမှ ဓါတ်ပုံများဖြစ်ကြောင်း  အခုလို ဖော်ပြခဲ့ပြီး ယင်းသတင်းမီဒီယာရဲ့  Facebook Page ဟာဆိုရင်လည်း လိုက်ခ် ၁၁သန်းကျော် ရထားတာဖြစ်ပါတယ်။
  • ဒါ့အပြင် ထိုင်း နှင့် မြန်မာ ၂နိုင်ငံရဲ့ သတင်းတွေကို အဓိကထား တင်ဆက်လေ့ရှိတဲ့ Si Thu Maung ဆိုတဲ့ ပေ့ချ်ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းတုဖြစ်နေကြောင်း ဒီမှာ ပြန်လည်ရှင်းပေးထားပါတယ်။ ၎င်းရဲ့ ပေ့ချ်ဟာဆိုရင် Follower ၁သိန်းကျော် ရရှိထားပါတယ်။
  • ဆူးရဲ့ဒဏ်ရာများနဲ့သူဆိုတဲ့အကောင့်ကို ဒီသတင်းတုနဲ့ပတ်သက်ပြီး သွားရောက်မေးမြန်းတဲ့အခါမှာလည်း ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ဒီလိုသတင်းတွေတွေ့ခဲ့ရင်လည်း သူငယ်ချင်းတို့အနေနဲ့ Facebook မှာ သတင်းတုဖြစ်ကြောင်း Report လုပ်လို့ရပါတယ်။

ဆူးရဲ့ဒဏ်ရာများနဲ့သူဆိုတဲ့အကောင့်ကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာ Follower ၇၀၀၀ ကျော်ရထားပြီး  COVID-19 အပြင် သတင်းမှန် နဲ့ အတည်ပြုဖို့ခက်ခဲတဲ့သတင်းတွေ၊ သတင်းမှားတွေကို တင်လေ့ရှိတဲ့ အကောင့်တုတစ်ခုသာဖြစ်ပါတယ်။ သတင်းတုဖြန့်ဝေသူတွေဟာ လက်ရှိကာလမှာ အရမ်းလူသိများနေတဲ့ သတင်းတွေကို အခြေခံပြီး အခုလို အထင်မြင်မှားအောင် ဓာတ်ပုံအမှန်တွေနဲ့ အကြောင်းအရာအမှားတွေကိုတွဲပြီး သတင်းတုတွေကို အလွယ်တကူဖန်တီးကြပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း သတင်းတွေဖတ်တဲ့အခါ လွယ်လွယ်နဲ့မယုံမိဖို့နဲ့ မိမိကိုယ်တိုင် စစ်ဆေးဖို့လိုအပ်ပါတယ်နော်။ စစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: