Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာဝင်တွေလို သင်္ကေတ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းတု
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာဝင်တွေလို သင်္ကေတ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းတု

ဒီသတင်းတုကို စွာစော်ကဲ ဆိုတဲ့ မည်သူမည်ဝါမှန်း ဖော်ပြမထားတဲ့ အကောင့်တစ်ခုကနေ စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး အခုချိန်မှာ ပြန်လည်မျှဝေထားသူပေါင်း ၄၀၆ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ လက်သုံးချောင်းထောင်ထားတဲ့ ပုံတွေနဲ့ တခြား ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပုံတွေကို ဖော်ပြထားပါတယ်။ မှတ်ချက်(comment) တွေမှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းထားသူဖြစ်ကြောင်း မဟုတ်မမှန် ပြောဆိုထားတာတွေကို တွေ့ခဲ့ရပါတယ်။

တွေးပြီးမှယုံက ဒီသတင်းကို ဘာကြောင့် သတင်းတုလို့ပြောရလဲ ဆိုရင်
– ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က မှ မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံကင်းထောက်လူငယ် တွေ့ဆုံပွဲမှ များကို အသုံးပြုထားပါတယ်။ Link ထဲမှာ ဝင်ရောက်ကြည့်ရှု့လို့ ရပါတယ်။
– လက်သုံးချောင်းထောင်အလေးပြုခြင်းက ကင်းထောက်လူငယ်တွေ အခမ်းအနားတွေမှာ နိုင်ငံတော်အလံကို အလေးပြုတာဖြစ်ပြီး အဲ့ဒီလက်သုံးချောင်း၏ အဓိပ္ပါယ်ကတော့ ကင်းထောက်ကတိသုံးပါးကို ရည်ညွှန်းထားတာပါ။ Link ထဲမှာ ဝင်ရောက်ကြည့်ရှု့လို့ ရပါတယ်။
– ဒါ့အပြင် ပုံထဲမှာ ပြထားတဲ့ ဘာသာရေးဆိုင်ရာ သင်္ကေတ မှာ အရှေ့အလယ်ပိုင်းဒေသရှိ လူအချို့က မိစ္ဆာများ၏ ရန်မှ ကာကွယ်ရန်အတွက် အဆောင်အဖြစ်ယုံကြည်ကြသလို အဲ့ဒီ‌ဒေသက ရှေးဟောင်းအစ္စလာမ်ဘာသာဝင်တွေနဲ့ ဂျူးဘာသာဝင် အနည်းစုမှလည်း ယုံကြည်သက်ဝင်မှုရှိနေကြတယ် ဆိုတာကို Link ထဲမှာ ဝင်ရောက်ကြည့်ရှု့လို့ ရပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပြီး မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: