Home>>သတင်းအတုစစ်ဆေးခြင်း>>ရွေးကောက်ပွဲ>>ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှ စိန်ခေါ်စကားပြောတယ်ဆိုတဲ့သတင်းတု
ရွေးကောက်ပွဲ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှ စိန်ခေါ်စကားပြောတယ်ဆိုတဲ့သတင်းတု

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းတုတွေထွက်ပေါ်နေပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့ နေအိမ်ကို ဗုံးနဲ့ နှစ်ကြိမ်တိုင်တိုင် ပစ်ပေါက်ခံရတာတွေလည်း ရှိနေခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေကလည်း သတင်းတုတွေ၊ စိုးရိမ်စရာတွေ ဖြစ်လာဖို့တွန်းအားပေးနေပါတယ်။

ခုတစ်ခေါက် ထွက်ပေါ်လာတဲ့ သတင်းတုမှာဆိုရင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကနေ “ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းအတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိုင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်း မပြောဘူး” လို့ ပြောခဲ့တယ်ဆိုပြီး သတင်းတုတစ်ခု ဟာ ပျံ့နှံ့နေပါတယ်။

ဒီသတင်းတုကို Ko ThuRa Zaw ဆိုတဲ့ facebook Account က စက်တင်ဘာ ၁၉ ရက်နေ့မှာ တင်ထားခဲ့ပြီး ပြန်လည်မျှဝေသူ ၁၈၈ ဦး ရှိနေပါပြီ။ ဒါ့အပြင် စက်တင်ဘာလ ၂၀ရက်နေ့မှာတင်ထားတဲ့ Tin Oo ဆိုတဲ့ အကောင့် ပိုစ့်မှာဆိုရင် ပြန်လည်မျှဝေသူ ၁၇၇၄ ဦးရှိနေခဲ့ပါပြီ။

ဒီသတင်းတုနဲ့ ပတ်သက်လို့…….
မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် Facebook စာမျက်နှာ ဖြစ်တဲ့ Union Election Commission မှာ ဒီသတင်းဟာ သတင်းအမှားသာဖြစ်ကြောင်းဖော်ပြထားပါတယ်။ UEC ကနေ ပြန်လည်ဖြေရှင်းထားတဲ့ ဖြေရှင်းချက်ကို ဒီမှာ ဝင်ကြည့်လို့ရပါတယ်။

စာဖတ်သူတွေ အနေနဲ့ ဒီသတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပြီး မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: