Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအိမ်ထဲ ဗုံးပစ်တဲ့သူကို ကျေးဇူးရှင်လို့ ပြောတဲ့ ဗီဒီယိုဖိုင်အတု
နိုင်ငံရေးရွေးကောက်ပွဲ

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအိမ်ထဲ ဗုံးပစ်တဲ့သူကို ကျေးဇူးရှင်လို့ ပြောတဲ့ ဗီဒီယိုဖိုင်အတု

ကျန်ခဲ့တဲ့ ရက်တွေထဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌရဲ့ ခြံဝန်းထဲမှာ ဗုံးသီးတွေ့တဲ့သတင်းတွေ အတော်လေး ပြန့်နှံ့ခဲ့ပါတယ်။ ဒီသတင်းတွေကို အခြေခံပြီးတော့ စက်တင်ဘာ ၂၁ ရက်နေ့မှာ Chaw Su Cho ဆိုတဲ့ Facebook Account က “သူပြောမှပဲ ရွေးကော်ဥက္ကဌအိမ် ဗုံးပစ်တဲ့သူကို ကျေးဇူးရှင်ဆိုပြီး ဘုရားစင်ပေါ်တင် ကိုးကွယ်ထားရမလို” လို့ရေးသားထားပြီး ဗီဒီယို ဖိုင်တစ်ခုကို ဖြန့်ဝေထားပါတယ်။ အခုဆိုရင် ဒီဗီဒီယိုဖိုင်အတုကို ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိနေပါပြီ။
ဒီဗီဒီယိုဖိုင်ကို ဘယ်အချက်တွေကြောင့် အတုလို့ပြောရလဲဆိုရင်တော့……..
@ ဗုံးသီးတွေ့တဲ့ နေရာဟာ နေပြည်တော်မှာဖြစ်ပြီး ဗီဒီယိုထဲမှာ ပါတဲ့ အင်တာဗျူးကတော့ “ဦးဝင်းနိုင် အလုံမြို့မရဲစခန်း” ဆိုပြီးတော့ ရေးထားပါတယ်။
@ ဒါ့အပြင် ၂၀၁၉ ခုနှစ် ဩဂုတ်လထဲမှာ ပြင်ဦးလွင် စစ်သင်တန်းကျောင်းကို TNLA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရှိခဲ့ရသော သတင်းမှားများ ဆိုပြီး တွေးပြီးမှယုံက သတင်းဖော်ထုတ်ထားပါတယ်။ အဲ့ဒီ သတင်းတုမှာဆိုရင်လည်း ဒီဗီီဒယိုဖိုင်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲလဲ နီးကပ်လာတာကြောင့် ဒီလို ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ သတင်းတုတွေကို ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။ စာဖတ်သူတွေအနေနဲ့ သတင်းတုလို့ သိရပြီဆိုတာနဲ့ Facebook ကို report လုပ်လို့ရပါတယ်။ ဒါမှမဟုတ် မသေချာ မရေရာသေးရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။ တွေးပြီးမှယုံက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတွေကို ပြန်လည် စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။
%d bloggers like this: