Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>၂၀၂၁ ကနေစလို့ “ဝ”ပြည် ထဲကို အကြောင်းမကြားပဲဝင်လာတဲ့ လေယာဉ်တွေကို ဒုံးကျည်နဲ့ ပစ်ချမယ်ဆိုတာ တကယ်လား ?
တိုင်းရင်းသားနိုင်ငံရေး

၂၀၂၁ ကနေစလို့ “ဝ”ပြည် ထဲကို အကြောင်းမကြားပဲဝင်လာတဲ့ လေယာဉ်တွေကို ဒုံးကျည်နဲ့ ပစ်ချမယ်ဆိုတာ တကယ်လား ?

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နဲ့ပတ်သက်လို့ကတော့ မကြာခဏဆိုသလို သတင်းတုတွေ တက်လာလေ့ရှိပါတယ်။ အခု တစ်ခေါက်မှာဆိုရင်တေ့ စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက စတင်ပြီး “ဝ ကိုယ်ပိုင်ပြည်နယ်အတွင်း မည်သည့်လေယာဉ်မှ ပျံသန်းခွင့်ပြုမှာ မဟုတ်တော့ဘူးလို့ “ဝ”အဖွဲ့ပြော” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတုတစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။ ၂၇ရက်နေ့မှာ ဒီသတင်းတုကို ပဲ Northern Shan နာမည်နဲ့ အကောင့်တစ်ခုကနေ ထပ်မံကူးယူဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။
သတင်းတုရဲ့ ဖော်ပြချက်ထဲမှာဆိုရင်တော့ ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဝေဟင်ပိုင်နက်အတွင်းမှာ မည်သည့်နိုင်ငံလေယာဉ်များ ပျံသန်းခွင့်မပြုကြောင်း, ကိုတင်ခွင့်ပြုချက်မယူထားသော လေယာဉ်များကို တရုတ်နိုင်ငံမှ လပေးဖြင့်ငှားရမ်းထားသည့် ဒုန်းကျည်စနစ်ဖြင့် သတိပေးပြစ်ခတ်သွားမှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒီသတင်းတုကို တွေးပြီးမှယုံ က ဘယ်အချက်တွေကြောင့် သတင်းတုလို့ ခိုင်ခိုင်မာမာ ပြောရလဲ ဆိုရင်
@ UWSA ရဲ့ လားရှိုးဆက် ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း မှ ဒီသတင်းဟာ သတင်းအမှားတစ်ခုသာဖြစ်တယ်လို့ သူရဲ့ Facebook Account မှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။
@ ဒါ့အပြင် ဒီသတင်းနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ရှိတဲ့ တရားဝင်သတင်းမီဒီယာတွေကနေလည်း ဖော်ပြထားတာမျိုးကို ရှာဖွေမတွေ့ခဲ့ရပါဘူး။
စာဖတ်သူတွေ အနေနဲ့ သတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပြီး မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။
စာဖတ်သူများ သတင်းတုဘေးကနေဝေးလို့ ကိုဗစ်-၁၉ ကို ဘေးအန္တယ်ရာယ်ကနေလည်း ရှောင်ဖယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
%d bloggers like this: