Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ကိုဗစ်-၁၉ နဲ့ ကွယ်လွန်ပြီး Food Delivery ၇၀ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်စီးပွားရေး

နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ကိုဗစ်-၁၉ နဲ့ ကွယ်လွန်ပြီး Food Delivery ၇၀ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

“နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ကိုဗစ်-၁၉ နဲ့ ကွယ်လွန်ပြီး Food Delivery ၇၀ ကူးစက်ခံရတယ်” ဆိုတဲ့ သတင်းတုဟာ ဖေ့ဘွတ်စ်စာမျက်နှာပေါ်မှာ အများအပြားပျံ့နှံ့နေပါတယ်နော်။ Food Delivery ၇၀ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကို Derick Soe ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာ၊ ၁ရက်နေ့က စတင်ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူပေါင်း ၄၂၀၀ ကျော်ထိရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီသတင်းနဲ့ ဆက်စပ်လို့ပဲ နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ဦးတင်လှ ကိုဗစ်-၁၉ နဲ့ကွယ်လွန်ပြီး သူကနေမှတဆင့် Food Delivery ၇၀ ကျော်ကူးစက်ခံထားရတယ်ဆိုပြီး ထပ်မံဖြန့်ဝေလာကြပါတယ်။
ဒီသတင်းနဲ့ ပါတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့
• နီလာဒန်ပေါက်ဆိုင်ပိုင်ရှင် ဦးတင်လှကွယ်လွန်တယ် ဆိုတာ သတင်းမှားသာဖြစ်ကြောင်း နီလာဒန်ပေါက်ဆိုင်၏ ပေ့ချ်မှာ တင်ထားပါတယ်။ ဒီလင့်ခ်မှာ သွားရောက်ကြည့်ရှု့လို့ရပါတယ်။
• ပြည်တွင်းမှာရှိတဲ့ တရားဝင်မီဒီယာတွေအနေနဲ့လည်း ဒီသတင်းနဲ့ ပတ်သက်ပြီး တင်ထားတာမတွေ့ခဲ့ရပါဘူး။
• ဒါ့အပြင် Food Delivery ကုမ္ပဏီတွေရဲ့ Facebook စာမျက်နှာတွေမျာလည်း ဒီသတင်းနဲ့ ပါတ်သက်လို့ တင်ထားတာမျိုး မတွေ့ရသေးပါဘူး။
Stay at Home ကြေငြာထားတဲ့ ရန်ကုန်မြို့မှာ လူအများစုဟာ Food Delivery တွေကိုသာ အဓိကအားကိုးနေရပြီး အခုလိုမျိုး သတင်းတုတွေဟာ လူတွေအများအပြားဆီ အလွယ်တကူရောက်သွားစေသလို စိုးရိမ်ထိတ်လန့်စေပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပြီး မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။
စာဖတ်သူများ သတင်းတုဘေးကနေဝေးလို့ ကိုဗစ်-၁၉ ကို ဘေးအန္တယ်ရာယ်ကနေလည်း ရှောင်ဖယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
%d bloggers like this: