Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ရန်ကုန်မြို့ကို Lockdown ချမယ်ဆိုတဲ့သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံရေးရွေးကောက်ပွဲ

ရန်ကုန်မြို့ကို Lockdown ချမယ်ဆိုတဲ့သတင်းတု

ဒီရက်ပိုင်းထဲမှာဆိုရင် ရန်ကုန်မြို့ကို Lockdown ချမယ်ဆိုတဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက Facebook ပေါ်မှာတင် ပျံ့နှံ့နေမဟုတ်ပဲ၊ messenger ကနေတဆင့်ပါ အသံဖိုင်တွေနဲ့ လိုက်ဖြန့်နေတာကို တွေးပြီးမှယုံ ကနေ တွေ့ရပါတယ်။
Messenger ကပြန့်နေတဲ့ အသံဖိုင်တစ်ခုမှာ ဆိုရင် ရန်ကုန်မြို့ကို နောက် နှစ်ရက်၊ သုံးရက်အတွင်းမှာ လော့ဒေါင်းချမှာဖြစ်လို့ တစ်ယောက်မှ အပြင်ထွက်မရတော့ကြောင်း ပြောထားပါတယ်။ ဒါ့အပြင် ဆိုင်တွေအကုန်လုံးပိတ်တော့မှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားလိုမျိုး စားနပ်ရိက္ခာတွေကိုလည်း ကြိုတင်ဝယ်ထားကြဖို့ တိုက်တွန်းထားပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်လို့ တွေးပြီးယုံကနေ အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားတွေဖြစ်နေတာကို အောက်က အချက်အလက်တွေအရ ခုချိန်မှာ သတင်းမှားလို့ တွေ့ခဲ့ရပါတယ်။
• အောက်တိုဘာ ၃ ရက်နေ့မှာ Skynet UptoDate နဲ့ Duwun တို့က ရန်ကုန်ကို Lockdown ချမယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။
 
• ရန်ကုန်တိုင်းလူမှု့ရေးရာဝန်ကြီး ဦးနိုင်ငံလင်းနဲ့ တောင်ဒဂုံ လွတ်တော်ကိုယ်စားလှယ် တို့ရဲ့ Facebook Page ကနေလည်း ဒီသတင်းက ကောလဟာလ သတင်းတစ်ခုသာဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ ဒီလင့်ခ် နဲ့ ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှု့လို့ရပါတယ်။
 
ဒီလိုကောလဟာလတွေဟာဆိုရင် လူတွေကို မလိုလားအပ်ပဲ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူတဲ့ အထိဖြစ်လာနိုင်ပြီး လူစုလူဝေးတွေ ကနေ ရောဂါပိုးကို ပိုမို့ဖြန့်ရာ ရောက်သွားနိုင်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတွေကိုဖတ်တဲ့အခါ မှာ ချက်ချင်း မယုံကြည်လိုက်ဖို့နဲ့ သတင်းမှန်လား/ မှားလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ အတည်ပြုနိုင်ရင် Facebook ကို Reportလုပ်နိုင်ပြီး သတင်းတုကို စစ်ဆေးဖို့အခက်အခဲရှိရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။
 

%d bloggers like this: