Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>“ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် လူတွေလမ်းပေါ်မှာ သေနေပြီဆိုတာ တကယ်လား?”
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

“ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် လူတွေလမ်းပေါ်မှာ သေနေပြီဆိုတာ တကယ်လား?”

ဒီသတင်းကို ဦးသိန်းစိန်(သမ္မတဟောင်း)အကြံပေး Nay Zin Latt ရဲ့ အကောင့်မှ အောက်တိုဘာလ၊ ၆ရက်နေ့မှာ စတင်ဖြန့်ဝေထားခဲ့ပြီး ယခုချိန်ထိ ပြန်လည်မျှဝေသူပေါင်း ၅၄၃ ဦးထိရှိနေခဲ့ပြီဖြစ်ပါတယ်။
ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ စောင့်ကြည့်ရာမှာ သတင်းအတုဖြစ်ကြောင်းအောက်က အချက်အလက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
• ဒီသတင်းပါ အချက်များမှ ပုံတွေဟာ ကိုဗစ်-၁၉ နဲ့ လမ်းပေါ်လဲနေသူတွေမဟုတ်ပဲ တခြားရောဂါတွေသာဖြစ်တယ်လို့ ပြည်တွင်းတရားဝင်မီဒီယာတစ်ခုဖြစ်တဲ့ 7Day News ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားခဲ့ပါတယ်။ အဲ့ဒီသတင်းနဲ့ ပါတ်သက်လို့ ဒီလင့်ခ်မှာသွားရောက်ကြည့်ရှု့လို့ရပါတယ်။
• သတင်းတုဖြန့်ဝေသူ Nay Zin Latt ဟာ မကြာခဏ သတင်းတုတွေနဲ့ အမုန်းစကားတွေကို ဖြန့်ဝေလေ့ရှိပြီး သူ့ရဲ့ အကောင့်နဲ့ ပေချ့်ဟာလည်း မကြာခဏ Facebook မှ ပိတ်ပင်ရလေ့ရှိပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဆက်သွယ်မေးမြန်းရာမှာတော့ အခုချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ငါးနှစ်တကြိမ်ကျင်းပရတဲ့ အထွေထွေရွေးကောက်ပွဲဟာ နောက်လဖြစ်တဲ့ နိုဝင်ဘာလ ၈ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ အခုလိုမျိုး စိုးရိမ်ဖွယ်ရာဓါတ်ပုံတွေဟာ လူအများကို စိုးရိမ်ထိတ်လန့်စေပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတွေကိုဖတ်တဲ့အခါ မှာ ချက်ချင်း မယုံကြည်လိုက်ဖို့နဲ့ သတင်းမှန်လား/ မှားလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ အတည်ပြုနိုင်ရင် Facebook ကို Reportလုပ်နိုင်ပြီး သတင်းတုကို စစ်ဆေးဖို့အခက်အခဲရှိရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: