Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မဲစာရင်းမှာမပါသေးတဲ့သူတွေ နိုဝင်ဘာ၇ရက်နေ့မှာ ပုံစံ (၃)လျှောက်လို့ရသေးတယ်ဆိုတဲ့သတင်းမှား
နိုင်ငံရေးရွေးကောက်ပွဲရွေးကောက်ပွဲ

မဲစာရင်းမှာမပါသေးတဲ့သူတွေ နိုဝင်ဘာ၇ရက်နေ့မှာ ပုံစံ (၃)လျှောက်လို့ရသေးတယ်ဆိုတဲ့သတင်းမှား

ဒီသတင်းကို DHA NA-ဓန ဆိုတဲ့ ပေ့ချ်ကနေ ဒီနေ့ ည ၇နာရီအကျော်လောက်က တင်ထားခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူပေါင်း ၅၅၇၃ဦးအထိရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံကနေ အချက်အလက်စစ်ဆေးကြည့်ရာမှာ အောက်က အချက်အလက်တွေ အရ သတင်းအမှားဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဘာကြောင့် သတင်းအမှားလို့ ပြောရလဲ ဆိုရင်
•ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ ရုံးမှ သတင်းအမှားသာဖြစ်ကြောင်းတင်ထားတာကို ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
•ဖားကန့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှလည်း ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်ကြောင်း အဲ့ပေ့ချ်မှာ ဖော်ပြပေးထားပါတယ်။
•ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင် Union Election Commisionရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာလည်း သတင်းတုထဲမှာပါတဲ့အကြောင်းအရာအတိုင်း ပုံစံ (၃)ကို မနက်ဖြန် နိုဝင်ဘာ ၇ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း တင်ထားတဲ့ပိုစ့်ကို လုံးဝမတွေ့ခဲ့ရပါဘူး။ နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့သူတွေအတွက် ၎င်းတို့အခုရောက်နေတဲ့ နေရာမှာ ပုံစံ (၁၅) နဲ့ လျှောက်လို့ရတဲ့ ပိုစ့်ကိုသာ တွေ့ခဲ့ရပါတယ်။

ဒီအချက်တွေကြောင့် မဲစာရင်းတွင် မပါဝင်သေးတဲ့သူတွေ နိုင်ဝင်ဘာ ၇ရက်နေ့အထိ ပုံစံ (၃)လျှောက်ထားနိုင်တယ် ဆိုတဲ့ သတင်းဟာ သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။ မဲပေးဖို့ တနေ့ထက်တနေ့ ပိုပြီးနီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတုတွေဟာ ပိုပြီးပြန့်နှံ့လာတာကိုတွေ့ရှိလာရပါတယ်။ မဲပေးမယ့်ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ အထင်မြင်လွဲမှားမှုများနဲ့ တွေဝေမှုများဖြစ်အောင်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရွေးကောက်ပွဲကော်မရှင် Pageနဲ့ တရားဝင်မီဒီယာများမှ သတင်းများကိုသာ ပြည်သူများအနေနဲ့ ယုံကြည်သင့်ပါတယ်။ သတင်းတုတွေ့လို့ စစ်ဖို့အခက်အခဲရှိခဲ့ရင် တွေးပြီးမှယုံရဲ့  Chat box နဲ့ အချက်အလက်စစ်ဆေးပေးရန်အကြောင်းကြားလွှာ မှာအချက်အလက်ဖြည့်ပြီးလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: