Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ကျောက်မဲမှာ နောက်ထပ် ထွေအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခံရတယ် ဆိုတဲ့ သတင်းတု
နိုင်ငံရေး

ကျောက်မဲမှာ နောက်ထပ် ထွေအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခံရတယ် ဆိုတဲ့ သတင်းတု

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီသတင်းနဲ့ မရှေ့မနှောင်းပဲ “ကျောက်မဲတွင် နောက်ထပ်ထွေအုပ်တစ်ဦး သေနတ်ဖြင့် 22.11.2020 ည 6:00 နာရီ ပစ်ခတ်ခံရ” ဆိုတဲ့ သတင်းတု ပြန့်နှံ့လာပါတယ်။ ဒီသတင်းကို Kyaw Gyi ဆိုတဲ့ အကောင့်မှ ယနေ့ 9:02 အချိန်မှာ တင်ခဲ့ပြီး အခုဆိုရင် ပြန်လည်မျှဝေသူပေါင်း ၃၆၈ ဦးရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းတုကို ဒီမှာ ကြည့်လို့ရပါတယ်။
သတင်းတုမှာဆိုရင်တော့…..
ကမ္ဘောဇတိုင်း သတင်းဌာနက တင်ဆက်ခဲ့တဲ့ “ကျောက်မဲမြို့နယ်တွင် ထွေ/အုပ် ဝန်ထမ်းတစ်ဦး သေနတ်ပစ်ခံရ”ဆိုတဲ့ သတင်းမှ အကြောင်းအရာများကို Screenshot ရိုက်ပြီး မနေ့ ကဖြစ်ခဲ့ပုံမျိုးနဲ့ အသွင်ယူပြီး သတင်းတုရေးသားထားတာကို တွေ့ရပါတယ်။
တွေးပြီးမှယုံက စစ်ဆေးလိုက်တဲ့အခါမှာ….
ရှမ်းပြည်နယ် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ ကမ္ဘောဇတိုင်း Website မှ ကျောက်မဲမြို့နယ် ထွေ/အုပ်ဝန်ထမ်းတစ်ဦး သေနတ်ပစ်ခံရတဲ့သတင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က တင်ထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီသတင်းကို ဒီမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။
အခုလို ရွေးကောက်ပွဲပြီးခါစ အချိန်လဲဖြစ် လက်နက်ကိုင် ပဋိပက္ခတွေကြားထဲကလဲ ဖြစ်တဲ့ ဒေသမှာ အခုလို သတင်းဟောင်းတွေကိုအသုံးပြုပြီး ပြည်သူတွေကို စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် ဖန်တီးရေးသားလာကြပါတယ်။ သတင်းတုတွေက အခုလိုပဋိပက္ခအဖြစ်များတဲ့ ဒေသတွေကို ဦးတည်ပြီး ပြန့်နှံ့နေတဲ့ သတင်းတွေက စိုးရိမ်ဖွယ်ရာပါပဲ။ ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီး တရားဝင်သတင်းမီဒီယာများနဲ့ မိမိတို့ဒေသမှာရှိတဲ့ တရားဝင်ထုတ်ပြန်တဲ့ သတင်းမီဒီယာများ၊ ဂျာနယ်များမှ သတင်းတွေကို အရင်ဦးဆုံး ရှာဖွေသင့်ပါတယ်။ သတင်းတုလို့ထင်ရရင် ဒါမှမဟုတ် သတင်းစစ်ဖို့ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box နဲ့ အချက်အလက်စစ်ဆေးပေးရန်ပန်ကြားလွှာ မှာ အချက်အလက်ဖြည့်သွင်းပြီး လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: