Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီစင်တာမှာ စတင်တွေ့ရှိ ဆိုတဲ့ သတင်းအမှား
ကျန်းမာရေးနှင့် ဘေးအန္တရာယ်COVID-19

ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီစင်တာမှာ စတင်တွေ့ရှိ ဆိုတဲ့ သတင်းအမှား

ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ သတင်းအမှားတွေ၊ သတင်းအတုတွေကတော့ ပုံစံမျိုးစုံထွက်ပေါ်လေ့ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ကမ္ဘာနဲ့ တလွှားတွေ့ရှိတာတွေမှာ မျိုးစိတ်တွေ အမြဲပြောင်းလဲနေတော့ သတင်းတုတွေ ထွက်ပေါ်လာဖို့ တွန်းအားပေးရာ ရောက်နေပါတယ်။ အခုဆိုရင်လည်း ကိုဗစ်-၁၉ မျိုးစိတ်အသစ်ကို ဧရာဝတီစင်တာမှာ စတင်တွေ့ရှိနေရပြီ ဆိုပြီး သတင်းတွေ လူမှု့ကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်း အမှားတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာ မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အောက်ပါအချက်အလက်တွေအရ သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

  • ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာခင်ခင်ကြီး ရဲ့ Facebook Account မှ လည်း ဒီသတင်းဟာ သတင်းမှား ဖြစ်တယ်လို့ အခုလို ဖြေရှင်းထားပါတယ်။   
  •    
  • တရားဝင်သတင်းဌာန တစ်ခုဖြစ်တဲ့ One News Myanmar မှာလည်း ဒီသတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ဒီနေရာမှာ ဖော်ပြထားပါတယ်။
  • တွေးပြီးမှယုံမှလည်း ဧရာဝတီစင်တာသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းအတည်ပြုခဲ့ရာမှာ ဒီသတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ စင်တာ တာဝန်ရှိသူတစ်ဦးက အတည်ပြုဖြေကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဟာ အခုချိန်ထိလည်း ကမ္ဘာတဝန်းမှာ ပုံစံမျိုးစုံပြောင်းလဲနေပါတယ်။ ဒီရောဂါရဲ့ ဇစ်မြစ်၊ ကုသခြင်းနည်းနာများနဲ့ ပတ်သက်လို့လည်း ယူဆချက်တွေ၊ လေ့လာတွေရှိချက်တွေက တနေ့တမျိုးပြောင်းလဲနေပါသေးတယ်။ ဒီလို အပြောင်းအလဲတွေများတဲ့ ကူးစက်မြန်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျန်းမာရေးနှင့် အားကစားဦးစီးဌာန နဲ့ တခြား တရားဝင်သတင်းမီဒီယာတွေက ဖော်ပြပေးနေတာကိုပဲ ယုံကြည်ကြဖို့ တိုက်တွန်းပါတယ်နော်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန်ပန်ကြားလွှာမှာ အချက်အလက်ဖြည့်သွင်းပြီး လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: