မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၆ ရက်နေ့နဲ့ ၇ ရက်နေ့ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့ပါတယ်။ ဒီကနေ့ ၇ ရက်နေ့ ညနေပိုင်းမှာ အင်တာနက် ပြန်လည်သုံးစွဲလို့ရခဲ့ပါတယ်။ ဒီလို အင်တာနက်ပြန်ဖွင့်ပေးတာက ကုလသမဂ္ဂ UN အထူးသံတမန် မြန်မာနိုင်ငံလေဆိပ်ရောက်ရှိနေတာ ဖြစ်လို့ ဆိုတဲ့ သတင်းတွေကလဲ Facebook အပြင် Messenger, SMS တွေထိ ပြန့်နှံ့နေပါတယ်။
ဒီသတင်းဟာ အမှားဖြစ်တဲ့အကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့က အတည်ပြုထားခဲ့ပါတယ်။
ဒီကာလက သတင်းတု/မှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ မရည်ရွယ်ပဲနဲ့ ဖြစ်စေ ပြန့်နှံ့လွယ်တာကို သတိထားပြီး အတည်ပြုပြီး သေချာတဲ့ သတင်းတွေကိုပဲ ပြန်လည်မျှဝေကြဖို့ တိုက်တွန်းလိုက်ပါတယ်။