Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>“မြောက်ဥက္ကလာပုံရိပ်အဖြစ် ပြန့်နှံ့နေတဲ့ သတင်းဓါတ်ပုံအတု”
နိုင်ငံရေး

“မြောက်ဥက္ကလာပုံရိပ်အဖြစ် ပြန့်နှံ့နေတဲ့ သတင်းဓါတ်ပုံအတု”

ဒီကနေ့ ၁၀.၃.၂၁ ရက်အထိ ဆိုရင် မြန်မာနိုင်ငံကို စစ်အာဏာသိမ်းတာ ၃၈ ရက်ရှိနေပြီပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ သပိတ်တွေကို မြန်မာနိုင်ငံအနှံ့မှာ ပြုလုပ်လျက်ရှိနေပြီး ဒီကနေ့မှာ မြောက်ဥက္ကလာ ကန်သာယာပန်းခြံမှာ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် ဖမ်းဆီးခံရသူ ၁ ရာကျော်ရှိနေပြီး အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။

ဒီလိုအချိန်မှာ 2015 ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ ပုံဟောင်းတွေကို အသုံးပြုပြီး မြောက်ဥက္ကလာပုံရိပ်အဖြစ် ပြန်လည် ပြန့်နှံ့နေတဲ့ သတင်းဓါတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ သတင်းတုတွေကို ဒီနေရာမှာ ဝင်ကြည့်နိုင်ပါတယ်။ အခုလို အခြေအနေမှာ ပြည်သူတွေဟာ ဖမ်းဆီးခံ ကျောင်းသားပြည်သူတွေအတွက် စိတ်ပူနေကြတာဖြစ်ပြီး စိုးရိမ်တကြီးနဲ့ သတင်းတွေကို ပြန်လည်မျှဝေနေကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။

2015 လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ သတင်းဓါတ်ပုံတွေကိုတော့ ဒီနေရာမှာ ဝင်ကြည့်လို့ရပါတယ်။

ဒီလိုကာလမှာ သတင်းအချက်အလက် ပြန့်နှံ့ဖို့က အရေးကြီးတာမှန်ပေမယ့် ခိုင်လုံတဲ့ သတင်းအချက်အလက် ဖြစ်ဖို့လဲ လိုအပ်ပါတယ်။ ဒါကြောင့် သတင်းတစ်ခုကို ပြန်လည်မျှဝေတော့မယ်ဆိုရင် အရင်ဆုံး မှန်သလား/ မှားသလား ဆိုတာကို သတိပြုစေချင်ပါတယ်။ သတင်းစစ်ဖို့အတွက် လိုအပ်ရင်တော့ တွေးပြီးမှယုံရဲ့ Chat box ကို တိုက်ရိုက်ပို့ပြီး စစ်ဆေးလို့ရပါတယ်။

%d bloggers like this: