Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဖက်ဒရယ် တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားနိုင်တယ်ဆိုတဲ့ သတင်းမှား
နိုင်ငံရေး

ဖက်ဒရယ် တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားနိုင်တယ်ဆိုတဲ့ သတင်းမှား

မနေ့ မေမေ ၅ ရက်နေ့မှာပဲ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဟာ ပြည်သူ့ကာကွယ်ရေးတပ် People Defense Force (PDF) ကို ဖွဲ့စည်းကြောင်း ကြေငြာခဲ့ပါတယ်။

ဒီသတင်းနဲ့ မရှေ့မနှောင်းမှာပဲ “ဖက်ဒရယ်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရန်အတွက် လျှောက်ထားနိုင်ခြင်း” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ တပ်မမှူး၊ စစ်ဗျူဟာမှူး၊ တပ်ရင်းမှူး နေရာတွေ လိုအပ်ကြောင်း NUG အစိုးရကို တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း ကို NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စာထုတ်ထားတဲ့ပုံစံမျိုး သတင်းအတု ပြန့်နှံ့နေတာ ဖြစ်ပါတယ်။

သတင်းတုဟာဆိုရင် မနေ့က တရက်ထဲမှာပဲ ဖေ့ဘုတ် ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့်ကို ပြန့်နှံ့နေခဲ့တာပါ။ ဒါ့အပြင် သတင်းတုကို ပြန်လည်ကူးယူပြီး ဖြန့်ဝေတဲ့သူတွေကိုလဲ အများအပြားတွေ့ရပါတယ်။ ဒီကနေ့ မနက်အထိကို ပြန်လည်ကူးယူ ဖြန့်ဝေနေတာတွေ တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Messenger တွေမှာလဲ သတင်းအစစ်ပါလို့ အာမခံပြီး ဖြန့်ဝေနေတာတွေ အများအပြား ရှိနေပါသေးတယ်။

တွေးပြီးမှယုံက ဘာကြောင့် ဒီသတင်းကို အတုလို့ ဖော်ပြရသလဲဆိုရင်တော့………
– NUG ရဲ့ တရားဝင် Page ကနေ ဒီသတင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာမရှိသေးပါဘူး။
– NUG ကဖွဲ့စည်းလိုက်တဲ့ အဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖြစ်ပြီးတော့ ဖက်ဒရယ် တပ်မတော် မဟုတ်ပါဘူး။
– တခြား ယုံကြည်ရတဲ့ သတင်းမီဒီယာ၊ လွှတ်လပ်တဲ့ မီဒီယာ တွေမှာလဲ ဒီသတင်းနဲ့ ပတ်သက်ပြီး တင်ပြထားတာ မရှိပါဘူး။

သတင်းအချက်အလက်တွေက အရေးကြီးပြီး သတင်းစားသုံးသူတွေများတဲ့ အခုလို တော်လှန်ရေးကာလမှာ သတင်းမှားတွေကို ရည်ရွယ်ချက် ရှိရှိဖြစ်စေ၊ မရည်ရွယ်ပဲနဲ့ ဖြစ်စေ ဖြန့်ဝေနေတာတွေက သတင်းဖောင်းပွမှုကို ဖြစ်စေပါတယ်။ သတင်းတုတွေက သတင်းအစစ်တွေကို လွမ်းမိုးသွားစေနိုင်ပါတယ်။

ဒါကြောင့် သတင်းစားသုံးသူတွေ ဖတ်ရှုသူတွေအနေနဲ့ သတင်းတွေကို share ချင်စိတ်၊ ကူးယူပြီး ပြန်လည်တင်ပြလိုစိတ်တွေကို ဦးစားမပေးပဲနဲ့ သတင်းအစစ် ဟုတ်ရဲ့လား၊ သတင်းရင်းမြစ်က ယုံကြည်စိတ်ချရ ရဲ့လား ဆိုတာကို အရင်ဆုံး သတိရဖို့ တိုက်တွန်းလိုပါတယ်။

သတင်းတုလို့ သံသယ ရှိပြီဆိုတာနဲ့ သတင်း Link နဲ့ အတူ တွေးပြီးမှယုံရဲ့ Facebook Page မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

#Fake_News_Alert
#သတင်းတုတွေမပြန့်နှံ့ဖို့_စစ်ဆေးပြီးမှမျှဝေစို့။

%d bloggers like this: