Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>၁၅ ရက်​နေ့ အင်တာနက်​တွေ အကုန်ပိတ်မယ်ဆိုတာ မဟုတ်မှန်
နိုင်ငံရေး

၁၅ ရက်​နေ့ အင်တာနက်​တွေ အကုန်ပိတ်မယ်ဆိုတာ မဟုတ်မှန်

စစ်အာဏာသိမ်းခဲ့တဲ့ ​နေ့ကစပြီး စစ်ကောင်စီဟာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို စိတ်ရှိတိုင်း ပိတ်ပင်ခဲ့ပါတယ်။ အစောပိုင်း ကာလတွေမှာ မိုဘိုင်းအင်တာနက်တွေပိတ်ခဲ့ပြီး ကြိုးမဲ့ ဝိုင်ဖိုင်တွေကိုပါ ပိတ်ခဲ့ကြပါတယ်။ အခု မေလပိုင်းထဲမှာတော့ မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပြီး သုံးလို့ရလာပါတယ်။

ဒီလို အစိုးမရတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ အတူ ဒီကနေ့ မေလ ၁၁ ရက်နေ့မှာပဲ မိုဘိုင်းအင်တာနက်၊ ဝိုင်ဖိုင်နဲ ဖိုင်ဗာတွေ ၁၅ ရက်နေ့ ပိတ်မယ်ဆိုတဲ့ သတင်းတစ်ခုလဲ ပြန့်နှံ့နေပါတယ်။ ဒီအကြောင်းကို ဖေ့ဘုတ် လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပြီး နာရီပိုင်းအတွင်းမှာပဲ React ပြုလုပ်သူ 2.9 K နဲ့ ပြန်လည်မျှဝေသူ 5.8 K ရှိနေပြီပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးချက်တွေအရ
– ISP (Internet Service Provider) တွေဆီကနေလည်း ဘယ်လိုသတင်းမျိုးမှ တတ်လာတာမျိုး မရှိသေးပါဘူး။
– တရားဝင်မီဒီယာတွေမှာ ဒီသတင်းနဲ့ပတ်သက်ပြီး တင်ဆက်ထားတာ မတွေ့ရပါဘူး။
– သတင်းတင်ထားတဲ့ Zaw Zaw ဆိုတဲ့ အကောင့်ကိုလဲ တွေးပြီးမှယုံက ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ထားတာ မရှိသေးပါဘူး။

ဒါကြောင့် ဒီသတင်းဟာ အခုလက်ရှိမှာ အတည်ပြုထားတ မရှိသေးတဲ့ ကောလဟာလ သတင်းတစ်ခုသာ ဖြစ်နေသေးတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းအစစ်လို့ အတည်မပြုရသေးတဲ့ သတင်းတွေကို အမှုမဲ့ အမှတ်မဲ့ share လိုက်တာမျိုးမဟုတ်ပဲ စစ်မှန်ကြောင်းအတည်ပြုပြီးမှသာ share ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် အတည်ပြုဖို့အတွက် ကိုလည်း တွေးပြီးမှယုံရဲ့ Chat Box မှာ သတင်းလင့်နဲ့တကွ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: