Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မြင်းခြံဆေးရုံမှာ တပ်စွဲထားတဲ့ ရဲများ သေနတ်ရောင်းပြီး CDM ဝင်သွားတယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

မြင်းခြံဆေးရုံမှာ တပ်စွဲထားတဲ့ ရဲများ သေနတ်ရောင်းပြီး CDM ဝင်သွားတယ်ဆိုတဲ့ သတင်းတု

ဒီကနေ့ မေလ ၁၂ ရက်နေ့မှာပဲ KhinMaung Htay ဆိုတဲ့ Facebook အကောင့်ကနေ “မြင်းခြံဆေးရုံ တပ်စွဲထားတဲ့ ရဲများ သေနတ် ၁၃ လက်ကို သိန်း ၃၀ နဲ့ ရောင်းပြီး CDM ဝင်သွားဟု သတင်းထွက်ပေါ်နေ” လို့ credit ပေးပြီး ရေးသားထားတဲ့ ပိုစ့်တစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။ အဆိုပါ ပိုစ့်ကိုတော့ react ပြုလုပ်သူ 1.7 K နဲ့ ပြန်လည်မျှဝေသူ 411 ဦးရှိနေပါပြီ။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူတွေကိုလဲ အများအပြားတွေ့နေရပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးချက်တွေအရ…..
– မြင်းခြံဒေသခံ ၂ ဦးကို ဆက်သွယ်မေးမြန်းခဲ့ပြီး ၂ ဦးလုံးဟာ သတင်းတုသာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
– အဆိုပါသတင်းတုကို တင်ခဲ့တဲ့ ခင်မောင်ဌေးဆိုတဲ့ အကောင့်ကို တွေးပြီးမှယုံက ဆက်သွယ်ကြည့်ရာမှာတော့ အကြောင်းပြန်ထားခြင်း မရှိသေးပါဘူး။
– ဒါ့အပြင် တခြား လွတ်လပ်တဲ့ မီဒီယာတွေကနေလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာမျိုး မရှိပါဘူး။
ဒါကြောင့် ဒီသတင်းဟာ အခုချိန်ထိ ကောလဟာလ အဖြ် ပြန့်နှံ့နေတဲ့ သတင်းတု တစ်ခုသာ ဖြစ်ကြောင်း ဖော်ပြပေးလိုပါတယ်။

မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တလေးနဲ့ ပခုက္ကူမြို့နယ်တွေမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မနေ့က ၁၁ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ဖိတ်ခေါ် ခဲ့တာဖြစ်ပါတယ်။ အခုလို သတင်းအချက်အလက်တွေ အရေးကြီးနေတဲ့ အချိန်မှာ သတင်းတုတွေ ပြန့်နှံ့နေတာဟာ ပြည်သူတွေ သတင်းမှန်ရဖို့အတွက် နှောင့်နှေးစေနိုင်ပါတယ်။

ဒါကြောင့် သတင်းဖတ်ရှုသူတွေအနေနဲ့ မြေပြင်အခြေအနေတွေ အချက်အလက်တွေကို မှန်ကန်ကြောင်း အတည်ပြုပြီးမှသာလျှင် ပြန်လည်မျှဝေကြဖို့ တိုက်တွန်းလိုပါတယ်။ အတည်ပြုရခက်ခဲတဲ့ သတင်းတွေကို တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: