Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မင်းတပ်မြို့ ပထမဆုံးလွတ်မြောက်နယ်မြေ ဖြစ်ပြီဆိုတဲ့ သတင်းတု
နိုင်ငံရေး

မင်းတပ်မြို့ ပထမဆုံးလွတ်မြောက်နယ်မြေ ဖြစ်ပြီဆိုတဲ့ သတင်းတု

ဒီသတင်းကို မေ ၁၃ ရက်နေ့မှာ CRPH Updates & Uprising New Dawei ဆိုတဲ့ Facebook Group မှာ Nan Mo Zin Phu နာမည်နဲ့အကောင့်ကနေ ဖြန့်​ဝေထားခဲ့ပြီး ထပ်ဆင့်မျှ​ဝေသူ​ပေါင်း ၁၆၈၄ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တခြားအ​ကောင့်​တွေကလည်း ပြန်လည်ကူးယူပြီးဖြန့်​ဝေထားတာတွေ့ရပါတယ်။

သတင်းတုထဲမှာဆိုရင် “မင်းတပ်ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ကြောင်းနဲ့ PDF မှ ထွေအုပ်၊ မြန်မာ့စီးပွါးရေးဘဏ်နဲ့ ၂၇၄တပ်ရင်းကို သိမ်းပိုက်လိုက်ကြောင်း” ​​ရေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုဖို့အတွက် တွေးပြီးမှယုံက​နေ မင်းတပ်မြို့အ​ခြေအ​နေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ မီဒီယာ​တွေရဲ့ ​နောက်ဆုံးရ သတင်း​ဖော်ပြချက်​တွေနဲ့ အချက်အလက်တိုက်စစ်ဆေးကြည့်ရာ မ​ရေရာတဲ့ ​ကောလဟာလ သတင်းတစ်ပုဒ်သာဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။

မင်းတပ် ဒေသခံ တစ်ဦးမှ အဆိုပါ သတင်းဟာ သတင်းတုသာဖြစ်ကြောင်း တွေးပြီးမှယုံကို တည်ပြု ပြောကြားခဲ့ပါတယ်။

မင်းတပ်မြို့ရဲ့ ​နောက်ဆုံးအ​ခြေအ​နေနဲ့ ပတ်သက်လို့လွတ်လပ်တဲ့ မီဒီယာ​တွေဖြစ်တဲ့ Ayeyarwaddy Times ရဲ့သတင်း​ဖော်ပြချက်​တွေမှာဆိုရင် “မင်းတပ်မြို့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့ပြီး လေယာဉ်များပျံဝဲနေကြောင်း ဒေသခံတချို့နဲ့ ဆက်သွယ်ရကြောင်း ဖော်ပြထားပြီး Khit Thit Media က လက်ရှိအချိန်ထိလည်း စစ်​ရေးတင်းမာလျက်ရှိ​ကြောင်း ​ဖော်ပြထားကြပါတယ်။

အခုလို သတင်းတုတွေ လွဲမှားတဲ့ အချက်အလက်တွေကြောင့် ဒေသတွင်းက ပကတိ အ​ခြေအ​နေကို သတင်းအချက်အလက်အမှား​တွေနဲ့ ဖုံးကွယ်သွားနိုင်ပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် တခြားလုပ်ငန်းတာဝန်တွေ နှောင့်နှေးစေနိုင်ပါတယ်။

ဒါ​ကြောင့် စာဖတ်သူ​တွေအ​နေနဲ့ အခုလို ရင်းမြစ်​ဖော်ပြမထားတဲ့ သတင်း​တွေကို လွယ်လင့်တကူမယုံကြည်ကြဖို့တိုက်တွန်းလိုပါတယ်။ သတင်းတုလို့ သံသယရှိတာနဲ့ တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: