Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>NLD ပါတီအပြီးတိုင် ဖျက်သိမ်းဖို့ ​ဒေါ်​အောင်ဆန်းစုကြည်က လက်မှတ်ထိုး​ပေးလိုက်တယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

NLD ပါတီအပြီးတိုင် ဖျက်သိမ်းဖို့ ​ဒေါ်​အောင်ဆန်းစုကြည်က လက်မှတ်ထိုး​ပေးလိုက်တယ်ဆိုတဲ့ သတင်းတု

ဒီသတင်းတုဟာ ဒီ​နေ့ မနက်ပိုင်းမှာပဲ အများအပြားပျံ့နှံ့လာ​နေတာ​တွေ့ရပါတယ်။ သတင်းထဲမှာဆိုရင် ​ဒေါ်​အောင်ဆန်းစုကြည်ဟာ NLD ပါတီဖျက်သိမ်း​ကြောင်း လက်မှတ်ထိုး​ပေးခဲ့ပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကိုလည်း တရားမဝင်ပါဟု လက်မှတ်​ရေးထိုးထားတယ်လို့ ​ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ ကောလာဟလ သတင်းတပုဒ်သာဖြစ်​နေ​ကြောင်း ​တွေ့ရှိခဲ့ပါတယ်။

ဘာ့ကြောင့် ဒီသတင်းကို ​ကောလဟာလ တစ်ပုဒ်သာဖြစ်​ကြောင်း ဆိုရသလဲဆိုရင်

– NLD ပါတီမှ ​ဗဟိုထိပ်တန်း ​ခေါင်း​ဆောင်တစ်ချို့သည် ယခုအချိန်ထိ လွတ်​မြောက်လျက်ရှိ​သော်လည်း ဒီသတင်းနဲ့ ပတ်သက်လို့ ပြည်သူသို့ အ​ကြောင်းကြားတာမျိုး မ​တွေ့ရ​သေးပါဘူး။

– ဒါ့အပြင့် အခုလို ထိပ်တန်း သတင်းတစ်ပုဒ်ကိုလည်း နိုင်ငံတကာမီဒီယာ​တွေနဲ့ ပြည်တွင်းက လွတ်လပ်တဲ့ မီဒီယာ​တွေမှာလည်း ​ဖော်ပြထားတာမျိုး မ​တွေ့ရ​သေးပါဘူး။

– ဒါအပြင် NLD ပါတီဝင် အနိုင်ရကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ CRPH နဲ့ NUG တို့ရဲ့ Facebook page ​တွေမှာလည်း ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာ​ဖော်ပြထားတာမျိုး မ​တွေ့ခဲ့ရပါဘူး။

-​ ​နောက်ဆုံးအ​နေနဲ့ ဒီသတင်းကို ဖြန့်​ဝေ​နေသူ​တွေရဲ့ Facebook အ​ကောင့်​တွေကို ​​လေ့လာခဲ့ရာမှ NLD ပါတီအား တိုက်ခိုက်သည့် ပိုစ့်များနှင့် သတင်းတုများကို စဥ်ဆက်မပြတ်ဖြန့်​ဝေ​နေတဲ့ အ​ကောင့်​တွေ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။

ဒီအချက်​တွေ​ကြောင့် ယခုလတ်တ​​လောကာလမှာ ဒီသတင်းဟာ​ကောလဟလ တစ်ခုသာဖြစ်​နေ​သေး​ကြောင်း ​မျှ​ဝေ​ပေးလိုက်ပါတယ်။

စာဖတ်သူ​​တွေအ​နေနဲ့ ဒီလိုသတင်း​တွေ ​တွေ့ရရင် သတင်းရင်းမြစ်ကို စုံစမ်း​မေးမြန်းပါ။ သတင်းရင်းမြစ်လည်း မ​ပေးနိုင်ဘူး၊ မယုံကြည်ရတဲ့ အ​ကောင့်​တွေကလည်း ဖြန့်​ဝေ​နေကြတယ်ဆိုရင် Facebook ကို False News နဲ့ Report လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီလိုသတင်း​တွေကို စစ်​ဆေးဖို့ရာ အခက်အခဲရှိခဲ့ရင်လည်း ​တွေးပြီးမှယုံရဲ့ Chat box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်။

%d bloggers like this: