မေ ၁၅၊ ရက်နေ့(မနေ့) က အာဏာသိမ်းစစ်တပ်က လက်နက်၊ လူသူအင်အား အလုံးအရင်းနဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ သာလွန်အင်အားသုံးပြီး တိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေ၊ အဆောက်အဦးများ ပျက်ဆီးခဲ့သလို မင်းတပ်ကာကွယ်ရေးတပ်(CDF) အနေနဲ့ ခွာစစ်ဆင်ခဲ့ရပါတယ်။
မရှေးမနှောင်းမှာပဲ မင်းတပ်မြို့ရဲ့ လက်ရှိအခြေအနေပါဆိုပြီး မီးလောင်ပျက်ဆီးနေတဲ့ ဘာသာရေးအဆောက်အဦးတွေ၊ လူနေအိမ်တွေရဲ့ ပုံတွေပျံ့နှံ့လာခဲ့ပါတယ်။
ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းဓါတ်ပုံအလွဲတွေကို အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်။
မင်းတပ်မြို့ရဲ့ လက်ရှိအခြေအနေဆိုပြီး ဖြန့်ဝေထားခဲ့တဲ့ ယင်းသတင်းဓါတ်ပုံတွေဟာ အမှန်တကယ်မှာတော့ ၂၀၁၃ ခုနှစ်တွင်းက မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွင်းက ပုံတွေကို အချိန်ကိုက် ပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။ Routers ကတင်ထားတဲ့ သတင်းဓါတ်ပုံကို ဒီမှာ ဝင်ကြည့်လို့ရပါတယ်။
ဒီလို သတင်းဓါတ်ပုံ အလွဲတွေနဲ့ သတင်းအမှားဖြန့်မှုတွေ၊ ပြီးခဲ့တဲ့ ဖြစ်စဥ်က သတင်းတွေကို ရက်စွဲတွေ ပြန်ပြောင်းပြီး အခုပဲ ဖြစ်နေသယောင် ပြန်လည်အသုံးပြုဖြန့်ဝေတာတွေဟာ မကြာခဏ ပျံ့နှံ့လာလေ့ရှိပါတယ်။
စာဖတ်သူတွေအနေနဲ့ ဒီလိုသတင်းဓါတ်ပုံတွေ့လို့ မသက်ာခဲ့ရင် Google Image Search လိုမျိုး နေရာတွေမှာ လွယ်လင့်တကူစစ်ဆေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဒီလိုသတင်းတွေ ဖြန့်ဝေခဲ့တဲ့ Facebook Account ပိုင်ရှင်ကို ဒီသတင်းရဲ့ ရင်းမြစ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ပါတယ်။ စစ်ဆေးဖို့ တစုံတရာ အခက်အခဲရှိမယ်ဆိုရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်ပါတယ်နော်။