Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>DKBA စောဆန်းအောင်အပါအဝင်အရာရှိနဲ့ စစ်သည် ၂ ထောင်ကျော် KNU ဘက်ကို ပူးပေါင်းဆိုတဲ့ သတင်းဟောင်းများ ပြန်ဖြန့်နေ
နိုင်ငံရေး

DKBA စောဆန်းအောင်အပါအဝင်အရာရှိနဲ့ စစ်သည် ၂ ထောင်ကျော် KNU ဘက်ကို ပူးပေါင်းဆိုတဲ့ သတင်းဟောင်းများ ပြန်ဖြန့်နေ

ဒီသတင်းကို KMO media ဆိုတဲ့ Facebook page ကဒီနေ့ မေလ ၁၆ရက်နေ့ကပဲ ပုံနဲ့တကွ တင်ထားတာတွေ့ရပါတယ်။အခုဆိုရင် ပြန်လည်မျှဝေသူပေါင်း ၈ ရာ ကျော်ရှိနေပါပြီ။

သတင်းထဲမှာဆိုရင်ဒီနေ့ Dateနဲ့ “မေလ၁၆ရက်နေ့ DKBAက စောဆန်းအောင်အပါအဝင် အရာရှိလေးဦးနဲ့ စစ်သည် ၂ ထောင်ကျော် KNUဘက်ကို ပြန်လည်ပူးပေါင်းလာကြောင်း သတင်းနဲ့ပတ်သက်ပြီး ဆက်လက်တင်ပေးသွားမှာဖြစ်ကြောင်း” ရေးသားထားပါတယ်။

ဒီသတင်းက သတင်းဟောင်းတစ်ပုဒ်သာဖြစ်နေပြီး KNU ဘက်ကို သွားပေါင်းတယ်ဆိုတာ မဟုတ်မှန်တဲ့ အကြောင်း တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။

ဒီသတင်းကို ၂၀၂၀၊ မတ်လ ၁၄ရက်နေ့က လွတ်လပ်တဲ့ Media တွေဖြစ်တဲ့ Myanmar Times နဲ့ Irrawaddy က သတင်းဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံမှာလဲ DKBA ဗိုလ်မှူး စောဆန်းအောင်အပါအဝင် ၁၃ဦးဟာ တပ်မတော်သို့ အလင်းဝင်သွားကြောင်း ရေးသားထားတာဖြစ်ပါတယ်။ ဗိူလ်မှူး စောဆန်းအောင် ဟာ ၂၀၂၀ မှာ စစ်ကောင်စီသို့ အလင်းဝင်လိုက်တာ ဖြစ်ပြီး အခု ၂၀၂၁ မှာ KNU နဲ့ပူးပေါင်းတာ မဟုတ်ပါဘူး။

အခုရက်ပိုင်းအတွင်းမှာ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေဟာ အရှိန်မြင့်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ တိုက်ပွဲသတင်း လက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကနေ အဆက်မပြတ် သတင်းဖော်ပြချက်တွေလဲ ရှိနေပါတယ်။ သတင်းဖတ်ရှုသူတွေအနေနဲ့ Media လို့ နာမည်တပ်ထားတဲ့ Page မြင်တာနဲ့ အလွယ်တကူမယုံကြည်ပဲ စစ်မှန်ရဲ့လား, ယုံကြည်ရရဲ့လား ဆိုတာတွေကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။

သတင်းတုလို့ သံသယရှိရင် သတင်းစစ်ဆေးဖို့ လိုအပ်လာခဲ့ရင် တွေးပြီးမှယုံရဲ့ Chat Box ကို သတင်း link နဲ့တကွ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: