Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>MRTV က ရုပ်သံဟောင်းပြန်လည်မျှဝေပြီး မင်းတပ်ကဒလန်တွေလို့လှူမှုကွန်ရက်ပေါ်မှာ ဖော်ပြလာ
နိုင်ငံရေး

MRTV က ရုပ်သံဟောင်းပြန်လည်မျှဝေပြီး မင်းတပ်ကဒလန်တွေလို့လှူမှုကွန်ရက်ပေါ်မှာ ဖော်ပြလာ

မေ ၁၅ ရက်​​နေ့ကနေ့မှာ အာဏာသိမ်းစစ်ကောင်စီဟာ မင်းတပ်မြို့ကို လက်နက်၊ လူသူအင်အားအလုံးအရင်းနဲ့ ဝင်​ရောက်စီးနင်းခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့မှု​ကြောင့် မင်းတပ်ကာကွယ်​ရေးတပ်က ​နောက်ဆုတ်​ပေးခဲ့ရသလို လူ​နေအိမ်​တွေပျက်ဆီး၊ အပြစ်မဲ့ပြည်သူ​တွေ ​သေ​ကြေခဲ့ရပါတယ်။

များမကြာခင်မှာပဲ မင်းတပ်မြို့ရဲ့ ဒလံစာရင်းဆိုပြီး အာဏာသိမ်းစစ်​ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံက ထုတ်လွှင့်ချက်တစ်ခုကို ​ဖော်ပြထားတဲ့ ဓါတ်ပုံတပုံလိုင်း​ပေါ်ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဓါတ်ပုံထဲမှာဆိုရင် ​ကျေးဇူးတင်လွှာ ​ခေါင်းစဥ်နဲ့ လူပုဂ္ဂိုလ်​တွေ၊ ဟိုတယ်​တွေကို ​ကျေးဇူးတင်ရှိ​ကြောင်း ​​ဖော်ပြထားပါတယ်။ ရုပ်သံနောက်ဆုံးအပိုင်း ကျေးဇူးတင်လွှာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မင်းတပ်မြို့ရဲ့ ဒလန်တွေဆိုပြီး သတင်းအမှားဖြန့်လာတာမျိုးတွေ တွေ့ရှိလာရပါတယ်။

MRTV ရဲ့ ရုပ်သံလွင့်ချက်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ်နှင့် သက်ဆိုင်သည့် သတင်းများကို ဦးစား​ပေး​ဖော်ပြ​နေသည့် Zalen Media က “မင်းတပ်ရဲ့ ဒလန်တွေ MRTV ချပြဆိုတဲ့ စာ ကာယကံရှင်ကိုယ်တိုင်ဖြေရှင်း” ဆိုပြီး ပြန်လည်ရှင်းလင်းတင်ပြထားခဲ့ပါတယ်။

အဆိုပါရုပ်သံက ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်လောက်က ရိုက်ခဲ့တဲ့ ရုပ်သံဖြစ်ပြီး စစ်ကောင်စီရဲ့ ဖြိုခွင်းမှုနဲ့ အချိန်ကိုက်ပြသခဲ့ကာ ကျေးဇူးတင်လွှာကို ဒလန်လို့ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုတွေကြောင့် ကိုယ်တိုင်ကူညီခဲ့တဲ့ ဦးဇင်း(ယခုလူထွက်) က ပြန်လည်ဖြေရှင်းခဲ့တာပါ။

မင်းတပ်မြို့ရဲ့ လက်ရှိအ​ခြေအ​နေမှာ အတည်ပြုဖို့ ခက်ခဲတဲ့ သတင်း​တွေအ​မြောက်အများထွက်​ပေါ်​နေပါတယ်။ မင်းတပ်မြို့နဲ့ပတ်သက်လို့ လွတ်လပ်တဲ့မီဒီယာတွေဆီက သတင်းဖော်ပြမှုမျိုးတွေကိုသာ စောင့်ကြည့်ပြီး အတည်ပြုကြဖို့ တိုက်တွန်းလိုပါတယ်။ သတင်းတုလို့ယူဆရင်ပဲဖြစ်ဖြစ် သတင်းစစ်ဖို့အခက်အခဲရှိရင်ပဲဖြစ်ဖြစ် တွေးပြီးမှယုံရဲ့ chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: