Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘုရားတွေကို စွန့်ပယ်နေကြတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံတကာဘာသာရေး

အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘုရားတွေကို စွန့်ပယ်နေကြတယ်ဆိုတဲ့ သတင်းတု

ကမ္ဘာကပ်ဘေးရောဂါဆိုးကြီး COVID-19 ဟာ အိန္ဒိယနိုင်ငံမှာ တကျော့ပြန်ပြီး ဆိုးဆိုးရွားရွားရိုက်ခတ်နေပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကနေဆိုရင် ခုထိအောင် လူပေါင်း ၂၅ သန်းကျော် ကူးစက်ခံခဲ့ရပါတယ်။ ဒီလိုဖြစ်စဥ်တွေနဲ့ မကြာခင်မှာပဲ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာရေး ဘုရားတွေဟာ ဟိန္ဒူဘာသာဝင်တွေကို COVID-19 ကပ်ဘေးရန်ကနေ မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် လူတွေက ဘုရားတွေကို စွန့်ပယ်လာကြပါတယ် ဆိုတဲ့ သတင်းတုတွေ ပြန့်နှံ့လာပါတယ်။ ဒီသတင်းထဲမှာဆိုရင် မြစ်ထဲ၊ မြစ်ကမ်းဘေးနဲ့ လူသွားလမ်းအချို့က ဟိန္ဒူဘာသာရေး ဘုရားတွေရဲ့ ရုပ်တုတွေကိုပါ ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ သတင်းအချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဟိန္ဒူဘာသာနှင့် ပတ်သက်ပြီး ဘာသာရေး အသိပညာတွေ မျှဝေနေတဲ့ Hindu ဘာသာရေး အသိပညာ အမည်ရှိ Facebook Page ကနေ ဒီသတင်းတွေဟာ သတင်းမှားတွေသာဖြစ်နေကြောင်း မျှဝေထားခဲ့ပါတယ်။ သူတို့ရဲ့ မျှဝေမှုထဲမှာဆိုရင် ဟိန္ဒူဘာသာရေး ဘုရားရုပ်တုတွေကို အခုလို မြစ်ချောင်း များမှာ မျှောခြင်းဟာ အစဥ်အလာကြီးမားတဲ့ ဘာသာရေးထုံးတမ်းတစ်ခုသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါအပြင့် ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းတု/မှား စိစစ်ရေး အဖွဲ့တွေရဲ့ ရလာဒ်တွေကိုလည်း တွဲလျက်ပြီးဖော်ပြထားပါသေးတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့လို့ ရပါတယ်။

အခုလိုနိုင်ငံရေးမတည်ငြိမ်မှုများကြားကနေ ဘာသာရေးမှိုင်းတိုက်တဲ့ပိုစ့်တွေ ပြန်လည်ပြန့်နှံ့လာတာကိုတွေ့ရှိလာရပါတယ်။ ဘာသာရေးနဲ့နှီးနွယ်ပြီး တိုက်ခိုက်ရေးသားထားတဲ့ ပိုစ့်တွေနဲ့ အသုံးပြုထားတဲ့ပုံတွေဟာ စာဖတ်သူတွေကို အထင်အမြင်လွဲမှားစေနိုင်ပါတယ်။ အခုလိုပုံနဲ့တကွတက်လာတဲ့ သတင်းတွေကို မှန်မမှန်စစ်ဆေးချင်ရင်တော့ Google image search မှာကိုယ်တိုင်သွားရောက်စစ်ဆေးနိုင်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: